Monday, November 28, 2011

ဖူကူရှီးမားဆန် ဓါတ်ရောင်ခြည်သင့်


ဖူကူရှီးမားမြို့ အိုနာမီခရိုင်အတွင်းမှ ထွက်သောဆန်များတွင် ရေဒီယိုသတ္တိကြွမှုအန္တရာယ်ရှိနိုင်သည့် အတိုင်းအတာ အထိပါဝင်နေသဖြင့် ကြာသပတေးနေ့တွင် အစိုးရက တင်ပို့ခွင့်ပိတ်လိုက်သည်။
မတ်လ ၁၁ ရက်သဘာဝဘေးကျရောက်မှုကြောင့် ဖူကူရှီးမားနျူကလီးယားဓါတ်ပေါင်းဖို ပေါက်ကွဲခဲ့ပြီးနောက်ပိုင်း ဆန်တင်ပို့မှုကို ပထမဆုံးအကြိမ်ပိတ်ပင်တားမြစ်ခဲ့ခြင်းဖြစ်သည်။
အစိုးရက ဆန်တင်ပို့မှုပိတ်ပင်ရန် ဖူကူရှီးမားအုပ်ချုပ်ရေးမှူး ယူဟိအိဆာတိုကို ညွှန်ကြားခဲ့ကြောင်း၊ အိုနာမီခရိုင် အတွင်း နောက်ထပ်ဆန်စပါးများ ရေဒီယိုသတ္တိကြွမှုများတွေ့ရှိပါက အကြောင်းကြားရန် ညွှန်ကြားခဲ့ကြောင်း ဝန်ကြီးရုံးအတွင်းရေးမှူးချုပ် အိုဆာမူ ဖူရှီမူရာကပြောသည်။ ဆန်များကို သင်္ဘောပေါ်မတင်မီ ရေဒီယိုသတ္တိကြွမှု တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သူကဆိုသည်။

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။