Monday, November 28, 2011

ဝန်ကြီးချုပ်အပါအဝင် ဂျပန်ဝန်ကြီးများလစာဖြတ်တောက်မည်


ဂျပန်နိုင်ငံတွင် မေလ ၁၁ ရက်သဘာဝဘေးဒဏ်ခံဒေသများတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ကိုင်နိုင်ရေး ဘဏ္ဍာငွေကြေးပိုမိုရရှိနိုင်ရန် ဝန်ကြီးချုပ်နိုဒါအပါအဝင် ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၏ လစာငွေများထဲမှ ဖြတ် တောက်မည်ဖြစ်သည်။ ဝန်ကြီးချုပ်နိုဒါ နှင့် ဝန်ကြီးများ၏ လစာငွေထဲမှ ၃၀%၊ ဒုတိယဝန်ကြီးများ၏ လစာငွေထဲမှ ၂၀% စီဖြတ်တောက်လျှော့ချမည်ဖြစ်ကြောင်း သောကြာနေ့က ဝန်ကြီးများရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။

ဝန်ထမ်းလစာများထဲမှလည်း ၂၀၁၄ မတ်လအထိ ၇.၈% ဖြတ်တောက်လျှော့ချမည်ဖြစ်ပြီး ပြန်လည်တည် ဆောက်ရေးလုပ်ငန်းများတိုးမြှင့်လုပ်ကိုင်နိုင်ရေးအတွက် အခြားအသုံးစားရိတ်များလျှော့ချပစ်ရန်ရည်ရွယ်သည်။
ဥပဒေကြမ်းကို အတည်ပြုဖြစ်ခဲ့လျှင် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် တစ်နှစ်လျှင် ယန်းငွေ ၂၉၀ ဘီလီယံ အသုံးပြုနိုင်မည်ဖြစ်သည်။

ဗဟိုအစိုးရဝန်ထမ်းလစာများထဲမှ ၀.၂၃% ဖြတ်တောက်ရန် National Personnel Authority ခေါ် ဝန်ထမ်းရေးရာ အကြံပေးအဖွဲ့၏ အကြံပြုချက်ကို အစိုးရက ပယ်ချခဲ့သည်။ ယင်းသို့ပယ်ချမှုကို အကြံပေးအဖွဲ့နှင့် လစ်ဘရယ်ဒီမို ကရက်တစ်ပါတီတို့က ကန့်ကွက်ခဲ့ပြီး အစိုးရကပယ်ချခဲ့ခြင်းသည် ကျိုးကြောင်းညီညွတ်မှုမရှိကြောင်းဆို၏။

၇.၈% ဖြတ်တောက်ရေးအတွက် အစိုးရက ဒိုင်းယက်လွှတ်တော်တွင် တင်သွင်းခဲ့ပြီး ဝန်ထမ်းများ၏ အလုပ်သမား အခွင့်အရေးတိုးချဲ့ရေး ဥပဒေကိုလည်း တင်ပြခဲ့သည်။
အတိုက်အခံများက အလုပ်သမားအခွင့်အရေးတိုးချဲ့ရေး ဥပဒေကိုကန့်ကွက်ခဲ့ကြပြီး အလုပ်သမားများအတွက် ကုန်ကျစားရိတ်များပိုမိုများပြားလာမည်ဖြစ်ကြောင်း ဆိုသည်။

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။