Saturday, January 21, 2012

အာဖရိကသမဂ္ဂတပ်များ နှင့် အယ်ရှာဘတ်သူပုန်များတိုက်ပွဲပြင်းထန်


ဆိုမာလီမြို့တော် မိုဂါဒစ်ရှူးတွင် အာဖရိကသမဂ္ဂ၏ တပ်များနှင့် အယ်ရှာဘက်သူပုန်တပ်များပထမဦးဆုံးအကြိမ် အဖြစ်ပြင်းထန်စွာတိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
အာဖရိကသမဂ္ဂဆိုမာလီယာစစ်ဆင်ရေးအစီအစဉ်(AMISOM) ဖြင့် ပို့ဆောင်ထားသော အာဖရိကသမဂ္ဂတပ်များတွင် တင့်ကား များဖြင့်တိုက်ခိုက်ခဲ့ပြီးမိုဂါဒစ်ရှူးတက္ကသိုလ်နှင့် ဘာရာကက်သဂြိုင်္င်းနေရာများ မှ သူပုန်များကိုမောင်းထုတ် နိုင်ခဲ့ပြီး အစိုးရကပြန်လည်ထိန်းချုပ်ထားနိုင်ခဲ့ပြီဖြစ်သည်။
“မြို့ပြင်ဘက်နေရာတွေကို AMISOM ကသိမ်းပိုက်လိုက်နိုင်တာ ဒါပထမဦးဆုံးအကြိမ်ပါပဲ။ မိုဂါဒစ်ရှူးကို ပိုပြီးထိန်းချုပ်ထားလိုက်နိုင်ပါတယ်။” AMISOM ပြောရေးဆိုခွင့်ရှိသူ ပက်ဒီအန်ကွန်ဒါကပြောသည်။

သြဂုတ်လအတွင်းက အယ်ရှာဘက်သူပုန်များအများအပြား မြို့တော်အပြင်ဘက်သို့ဆုတ်ခွါခဲ့ရသော်လည်း မြို့ပြင် မြောက်ဘက်နေရာများတွင် အခိုင်အမာခြေကုပ်ယူထားနိုင်ခဲ့ပြီး ယခုအခါ လက်လွှတ်လိုက်ရကြောင်း ဝန်ခံပြောကြား လိုက်ပြီး တပ်ဦးကျွံလာသော အာဖရိကသမဂ္ဂတပ်များကို ပိတ်ဆို့ထားကြောင်း ဆိုသည်။

အမြောက်သံများ၊ သေနတ်သံများကြောင့် မိုဂါဒစ်ရှူးမြောက်ဘက်တွင် နေထိုင်သူရာပေါင်းများစွာအိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်။ သေနတ်သံများကြားရပြီး မကြာမီ ဗိုလ်တစ်ဦးအပါအဝင် အစိုးရစစ်သား ၅ ဦးသေဆုံးနေ သည်ကို တွေ့ရှိခဲ့ရကြောင်း မျက်မြင်သက်သေတစ်ဦးကပြောသည်။
အယ်ရှာဘက်သူပုန်များ၏ ချုံခိုတိုက်ခိုက်ခြင်းခံနေရသော တပ်ဖွဲ့များထံသို့ တင့်ကားများ၊ စစ်ကားများ စစ်ကူပေးရန် တောင်းဆိုခဲ့သည်။

“ကျုပ်တို့အခု မိုဂါဒစ်ရှူးတက္ကသိုလ်အဆောက်အဦကို ဝိုင်းထားတယ်။ ဒီအထဲကိုရောက်နေတဲ့ AMISOM တပ်ဖွဲ့တွေထွက်လို့မရစေရဘူး။” ဟု အယ်ရှာဘတ်ပြောခွင့်ရ ရှိတ်အဘ္ဘဒီယာစစ်အဘူမူဆပ်က ရိုက်တာသတင်း ဌာနသို့ပြောသည်။ အစ္စလာမ်အစွန်းရောက်လက်နက်ကိုင်အုပ်စုသည် အနောက်နိုင်ငံများက ထောက်ခံနေသော လက်ရှိအစိုးရကို တိုက်ခိုက်နေသည်မှာ ၅ နှစ်ရှိပြီဖြစ်ပြီး အသက်ပေါင်းများစွာဆုံးရှုံးခဲ့ရပြီးဖြစ်သည်။

ဥရောပသမဂ္ဂမှ တပ်သား ၁၀,၀၀၀ ခန့်မိုဂါဒစ်ရှူးသို့ပို့ဆောင်ထားပြီး လွန်ခဲ့သောနှစ်က မိုဂါဒစ်ရှူးနေရာအများအပြား သို့ချဲ့ထွင်သိမ်းပိုက်နိုင်ခဲ့သည်။ အာဖရိကတပ်များသည် ဆိုမာလီယာတပ်များနှင့် အတူပူးပေါင်းဆောင်ရွက်လျက်ရှိ သော်လည်း အဓိကအားဖြင့်လက်နက်ပြည့်စုံကောင်းမွန်ပြီး လေ့ကျင့်ရည်ဝသော ယူဂန္ဓာနှင့် ဘူရန်ဒီမှတပ်များ ကြောင့် နယ်မြေ အများပြားကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

အယ်ရှာဘတ်သူပုန်များကို တောင်ဘက်တွင် ကင်ညာနှင့် အနောက်ဘက်တွင် အီသီယိုးပီးယားစစ်တပ်များကလည်း ဖိအားပေးလျက်ရှိသည်။

အရှေ့အာဖရိကနိုင်ငံများက AMISOM တပ်အင်အားကို ၁၇,၀၀၀ အထိတိုးမြှင့်ချထားပေးရန် ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ ခွင့်ပြုချက်ကို တောင်းခံလျက်ရှိသည်။ ကင်ညာကလည်း သူ့တပ်များကို ဆိုမာလီယာတွင် အာဖရိကသမဂ္ဂတပ်များနှင့် အတူပူးပေါင်းတာဝန်ထမ်းဆောင်ရန် ကုလသမဂ္ဂထံခွင့်တောင်းထားသည်။

အယ်ရှာဘတ်တို့ကလည်း မိုဂါဒစ်ရှူးတွင် အသေခံဗုံးခွဲခြင်းများ၊ လမ်းဘေးဗုံးများဖြင့် တိုက်ခိုက်လျက်ရှိသည်။

လူခြောက်ဦးသေဆုံးခဲ့သော ကြာသပတေးနေ့ပေါက်ကွဲမှုအပါအဝင် မြို့တော်မိုဂါဒစ်ရှူးတွင် ဗုဒ္ဓဟူးနေ့မှစ၍ ပေါက်ကွဲမှု ခြောက်ခုဖြစ်ပွားခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။