Friday, January 27, 2012

လစ်ဗျားတွင် အကျဉ်းသားများအား နှိပ်စက်ညှဉ်းပမ်း


လစ်ဗျားတွင် အကျဉ်းသားများအားနှိပ်စက်ညှဉ်းပမ်းမှုကြောင့်ဒဏ်ရာများကို ဆေးဝါးကုသပေးပြီးနောက် ထပ်မံ ညှဉ်းပမ်းနှိပ်လျက်ရှိခြင်းကြောင့် နယ်စည်းမခြားဆေးဝါးအကူအညီပေးရေးအဖွဲ့ (MSF) က အကူအညီပေးမှုများ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

`နှိပ်စက်ညှဉ်းပမ်းစစ်ဆေးနတဲ့အချိန်မှာ ဒဏ်ရာအပြင်းအထန်ရသွားတဲ့လူနာကို ကျွန်တော်တို့ဆီပို့ပြီးတော့ ဆေးကုခိုင်းတယ်။ ပြီးတော့ထပ်ပြီးညှဉ်းပမ်းစစ်ဆေးတယ်။´ ဟု MFS အထွေထွေဒါရိုက်တာဖြစ်သူ ခရစ္စတိုဖာစတုတ် ကြာသပတေးနေ့က ပြောသည်။

အကျဉ်းသားအများစုမှာ ယခင်အာဏာရှင်ဟောင်း ကဒါဖီစစ်တပ်အတွင်းပါဝင်တိုက်ခိုက်ခဲ့သည်ဟူသော မသင်္ကာမှုဖြင့် ဖမ်းဆီးထားသော ဆာဟာရအောက်ပိုင်းအာဖရိကနိုင်ငံများမှ လူများဖြစ်ပြီး နှိပ်စက်ညှဉ်းပမ်းစစ်ဆေး လျက်ရှိကြောင်း လူ့အခွင့်အရေးအဖွဲ့များက မကြာခဏပြောကြားလျက်ရှိသည်။

MSF အဖွဲ့သည် လစ်ဗျားမြို့တော်ထရီပိုလီနှင့် ကီလိုမီတာ ၂၀၀ အကွာခန့်ရှိ မစ္စရာတာမြို့တွင် စစ်ပွဲအတွင်း ဒဏ်ရာရရှိခဲ့သူများကို အညီအညီပေးရန် ရောက်ရှိနေခြင်းဖြစ်သော်လည်း နှိပ်စက်ညှဉ်းပမ်းမှုကြောင့် ရရှိလာသော ဒဏ်ရာများကို နောက်ထပ်ညှဉ်းပမ်းနှိပ်စက်မှုများပြုနိုင်အောင် ကုသပေးရန် စေခိုင်းခံရလျက်ရှိသည်ဟု ဆိုသည်။

`ဒါလက်ခံနိုင်စရာမရှိပါဘူး။ ကျွန်တော်တို့အလုပ်က စစ်အတွင်း ဒဏ်ရာအနာတရဖြစ်ခဲ့မှုတွေနဲ့ အကျဉ်းသား တွေကို ကုသပေးဖို့ပါ။ ဒီလို ထပ်ခါထပ်ခါနှိပ်စက်ညှဉ်းပမ်းနိုင်အောင် ကုသပေးဖို့မဟုတ်ပါဘူး´ ဟု စတုတ်ကပြောသည်။

ယင်းဖြစ်ရပ်များကို မစ္စရာတာရှိ လစ်ဗျားစစ်တပ်ကို အကြောင်းကြားထားသော်လည်း မည်သည့်အရေးယူဆောင်ရွက် မှုမျိုးမှ မရှိကြောင်းလည်း စတုတ်က ပြောသည်။
`ဒါကြောင့် ကျွန်တော်တို့ အချုပ်ခန်းတွေမှာ အကူအညီမပေးတော့ဘူးလို့ ဆုံးဖြတ်လိုက်တာပါ။´


ကဒါဖီလက်ထက်က ကျင့်သုံးခဲ့သော နှိပ်ကွပ်မှုများကို ရှောင်ရှားပြီး လူ့အခွင့်အရေးကို အပြည့်အ၀ကျင့်သုံးသွား မည်ဟု ပြောကြားထားသော လက်ရှိအာဏာရ အမျိုးသားအသွင်ကူပြောင်းရေးကောင်စီအနေလက်ထက်တွင် ကဒါဖီ လက်ထက်သစ္စာခံများအား ညှဉ်းပမ်းနှိပ်စက်မှု၊ သတ်ဖြတ်ဖျောက်ဖျက်မှုများကြောင့် အရှက်ရဖွယ်ဖြစ်လျက်ရှိသည်။
ထို့ပြင် ကဒါဖီဖြုတ်ချရေးတွင် အင်တိုက်အားတိုက်ပါဝင်ကူညီခဲ့ကြသော အနောက်အုပ်စုများအတွက်လည်း သိက္ခာ ကျဖွယ်ဖြစ်သည်။

ချိုးဖေါက်မှုများကျူးလွန်နေသော ဒေသခံပြည်သူ့စစ်များသည် အမျိုးသားအသွင်ကူးပြောင်းရေးကောင်စီ၏ အမိန့်သြဇာအောက်တွင် မရှိသောကြောင့် ထရီပိုလီအစိုးရအနေနှင့်လည်း ယင်းကိစ္စများကို ဖြေရှင်းရာတွင် ကန့်သတ်မှုများဖြင့် အခက်အခဲများရှိနေသည်။

`အကျဉ်းထောင်တွေကို ပြန်လည်ဦးစီချုပ်ကိုင်နိုင်ဖို့ အစိုးရမှာလည်းအခက်အခဲတွေ တွေ့နေရပါတယ်။´ ဟု အယ်ဂျာဇီယာသတင်းထောက် စတက်ဖနီဒက်ကာက ထရီပိုလီမြို့မှ သတင်းပေးပို့ခဲ့သည်။
`အခုအချိန်ဟာ အစိုးရသစ်အနေနဲ့ ကြားကာလတစ်ရပ်ဖြစ်နေတဲ့အတွက် ရပ်တည်နိုင်ရေးအတွက် ကြိုးစား နေရပြီး တရားရေးဌာနတွေလည်း အလုပ်ကောင်းကောင်းမလုပ်နိုင်သေးတဲ့ ကာလဖြစ်ပါတယ်။´ ဟု ဒက်ကာက သတင်းပေးပို့ပြောကြားခဲ့သည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။