Monday, March 19, 2012

အင်ဒိုနီးရှားတွင် အကြမ်းဖက်သမားငါးဦးကို ရဲက ရှင်းလင်း


အင်ဒိုနီးရှားဘာလီကျွန်းအပန်းဖြေစခန်းတွင် အင်ဒိုနီးရှားအကြမ်းဖက်မှုတိုက်ဖျက်ရေးရဲများက အကြမ်းဖက်သမားများ ဟု သံသယရှိသူ ၅ ဦးအား သုတ်သင်သတ်ဖြတ်လိုက်သည်။
`အကြမ်းဖက်လုပ်ရပ်တွေနဲ့ ဓါးပြတိုက်ဖို့အစီအစဉ်တွေရှိနေတဲ့ လူငါးဦးကို ကျွန်တော်တို့ရဲတပ်ဖွဲ့က ပစ်သတ် လိုက်ပါတယ်။´ ဟု ရဲဘက်ပြောရေးဆိုခွင့်ရှိသူ ဘွိုင်းရာဖလီအေမာက ဆိုသည်။
`အားလုံးသေနတ်အပစ်ခံရပြီး သေဆုံးသွားတာပါ။ သူတို့ကလည်း ထွက်ပြေးရင်းနဲ့ ရဲတွေကိုပြန်လည်ပစ် ခတ်ပါတယ်။´

ငွေလဲလှယ်ရေး ဌာနတစ်ခုကို ဦးစွာဓါးပြတိုက်ပြီး နောက်ထပ် ဓါးပြမှုများနှင့် အကြမ်းဖက်မှုများပြုလုပ်ရန် အစီအစဉ်များ ၎င်းတို့တွင်ရှိနေကြောင်း သူကပြောသည်။ ၎င်းတို့ထံမှ သေနတ်နှစ်လက်နှင့် ကျည်ဆန်အများအပြားသိမ်းဆည်းရမိ ခဲ့သည်။

၂၀၁၀ ခုနှစ်အတွင်းက မြောက်ပိုင်းဆူမားတြားပြည်နယ် မက်ဒန်တွင် ဘဏ်ဓါးပြတိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ရဲအရာရှိ တစ်ဦး သေဆုံးခဲ့ရသည့် ဖြစ်ရပ်တွင် ကျုးလွန်ခဲ့သည့် အကြမ်းဖက်အုပ်စု၏ အဖွဲ့ဝင်များဖြစ်ကြောင်းလည်း ဆို၏။

အင်ဒိုနီးရှားအကြမ်းဖက်မှုတိုက်ဖျက်ရေး တပ်ဖွဲ့အမှတ် ၈၈ တွင် အဖွဲ့ဝင်ဦးရေ တစ်ရာကျော်ပါဝင်ပြီး ဘာလီတောင် ပိုင်း ဆာနာရှိ အိမ်ယာတစ်ခုတွင် အကြမ်းဖက်သမား သုံးဦးကို သတ်ဖြတ်ခဲ့ကြောင်း အေအက်ဖ်ပီသတင်းက ဆိုသည်။

၂၀၀၂ ခုနှစ် ဘာလီဗုံးကွဲမှုတွင် လူ ၂၀၂ ဦး သေဆုံးခဲ့မှုအပါအ၀င် နိုင်ငံတွင်း အကြမ်းဖက်ကွန်ယက် ဂျမားအစ္စလာမ်မီယာ အဖွဲ့၏ အကြမ်းဖက်လုပ်ရပ်များကို အင်ဒိုနီးရှားတွင် ရင်ဆိုင်နေရသည်။

Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။