Monday, April 2, 2012

ရုရှခရီးသည်တင်လေယာဉ် ဆားဘီးယားတွင် ပျက်ကျ

ရုရှခရီးသည်တင်လေယာဉ်တစ်စင်းဆားဘီးယားတွင် ပျက်ကျခဲ့ရာ လေယာဉ်ပေါ်တွင် စုစုပေါင်း ၄၃ ဦးလိုက်ပါသွား ပြီး အနည်းဆုံး ၂၉ ဦး သေဆုံးကြောင်း နိုင်ငံပိုင်သတင်းတွင် ကြေငြာခဲ့သည်။ ART72 တာဘိုအင်ဂျင်နှစ်လုံးတပ် လေယာဉ်ဖြစ်ပြီး တနင်္လာနေ့က ဆားဘီးယားအနောက်ဘက် တယူမန်မြို့ မှ ၃၀-၃၅ ကီလိုမီတာအကွာတွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။ `လက်ရှိအချိန်အထိ ၂၉ ယောက်သေဆုံးတယ်လို့ သိထားပါတယ်။ လေယာဉ်မှာပါတဲ့ ခရီးစဉ်မှတ်တမ်းတင် ပစ္စည်းကိုတော့တွေ့ရှိထားပါတယ်။ အရေးပေါ်အဖွဲ့တွေက မီးငြှိမ်းသတ်နေပါတယ်။` ဆားဘီးယားတယူမန်မြို့မှ ဆာဂတ်မြို့သို့ဦးတည်ပျံသန်းရာလမ်းတွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။ ရုရှသတင်းမှ ကြေငြာခဲ့ရာတွင် လေယာဉ်ကွင်းမှ ပျံတက်ပြီး မကြာမီတွင် ရေဒါမြင်ကွင်းမှ ပျောက်ကွယ်သွားပြီး လေယာဉ်ကွင်းမှ ကီလိုမီတာ ၄၀ အကွာခန့်တွင် ဒေသစံတော်ချိန် နံနက် ၇း၅၀ ခန့်တွင်ပျက်ကျခဲ့ခြင်းဖြစ်သည်။ လေယာဉ်မောင်းခန်းကို ကယ်ဆယ်ရေးအဖွဲ့များ မီးလောင်လျက်တွေ့ရှိခဲ့လေသည်။ လေယာဉ်သည်မီးလောင်ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး အပိုင်းပိုင်းအစအစပြတ်ထွက်ခဲ့သည်။ သေဆုံးသူများထဲတွင် ကလေး များလည်းပါဝင်ကြောင်း သိရသည်။ အသက်မသေဘဲကျန်ရစ်နေသူများလည်း ဒဏ်ရာအပြင်းအထန်ရရှိထားပြီး နီးစပ်ရာဆေးရုံသို့ ရဟတ်ယာဉ်ဖြင့် သယ်ယူပို့ဆောင်ထားသည်။ အသက်ရှင်သူ ၅ ဦးတွေ့ရှိထားပြီး စိုးရိမ်ရသည့် အခြေအနေတွင်ရှိသည်။ `ဒီလေကြောင်းလိုင်းက မတော်တဆမှုဖြစ်ပွားဖူးတဲ့ မှတ်တမ်းရှိပါတယ်။ ဒါပေမယ့် အခုအဖြစ်အပျက်က တော့ အကြောင်းရင်းကို သေချာမသိရသေးပါဘူး။``ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။` ဟု အယ်ဂျာဇီယာသတင်းထောက်က သတင်းပေးပို့ခဲ့သည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။