Saturday, May 26, 2012

ဆိုမာလီ ဒုက္ခသည်မြို့ကို သူပုန်များလက်တွင်းမှ ပြန်လည်သိမ်းပိုက်နိုင်

ဆိုမာလီတွင် အယ်ယ်ကေဒါနှင့် ချိတ်ဆက် အယ်လ်ရှာဘက်သူပုန်များသိမ်းပိုက်ထားသည့် အက်ဖ်ဂိုရီမြို့ ကို အာဖရိကသမဂ္ဂနှင့် ဆိုမာလီတပ်များက အခုအခံမရှိ အလွယ်တကူသိမ်းပိုက်လိုက်နိုင်ကြောင်း သိရသည်။ `ကျွန်တော်တို့ ရှာဘယ်လီမြစ်ကို ဖြတ်ကူးပြီး အက်ဖ်ဂိုရီမြို့ထဲကိုရောက်နေပါပြီ။ မြို့ကိုထိန်းချုပ် ထားလိုက်ပါပြီ။ မြို့ကိုရဖို့ ကျွန်တော်တို့ အင်္ဂနေ့ကတည်းက တိုက်ခိုက်နေခဲ့တာပါ။` ဟု အာဖရိကသမဂ္ဂ စစ်တပ် ပြောခွင့်ရ အန်ကူဒါက သောကြာနေ့က ပြောသည်။ `မြို့ကိုဝင်ရောက်တဲ့အခါမှာတော့ ခုခံမှုအနည်းငယ်ကြုံတွေ့ခဲ့ရပါတယ်။` ဆိုမာလီ တပ်မှူး မိုဟာမက်အဘ္ဘဒူလာက ဆိုသည်။ အက်ဖ်ဂိုယီမြို့တွင် ယခုနှစ်အစပိုင်းမှစ၍ နေရာရွှေ့ပြောင်းခံရသူ ၄၀၀ ၀၀၀ ကျော်နေထိုင်လျက်ရှိပြီး ကမ္ဘာ့အကြီးမားဆုံး ရွှေ့ပြောင်းခံရသူများစုဝေးနေထိုင်သည့် နေရာဖြစ်သည်။ ပလတ်စတစ်တဲများဖြင့် ဖြစ်သလိုတဲထိုးနေထိုင်နေကြသည့် ဒုက္ခသည်များကြား လွန်ခဲ့သောနှစ်က အငတ်ဘေးဆိုက်ခဲ့သေးသည်။ အယ်လ်ရှာဘတ်သူပုန်များက အကူအညီပေးရေးအဖွဲ့များ ဝင်ရောက်ခွင့်ကို ပိတ်ပင်ထားခဲ့သည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။