Saturday, May 26, 2012

ဖင်လန်တွင် လူအုပ်တွင်းပစ်ခတ်မှုဖြစ်ပွား၊ နှစ်ဦးသေဆုံး

သေနတ်သမားကိုင်ဆောင်ခဲ့သော ရိုင်ဖယ်
ဖင်လန်နိုင်ငံတွင် ဆယ်ကျော်သက် နှစ်ဦး သေဆုံးပြီး အခြား ၇ ဦးဒဏ်ရာရရှိ ခဲ့သည့်ပစ်ခတ်မှုတစ်ခုဖြစ် ပွားခဲ့ပြီး အသက် ၁၈ နှစ်အရွယ်အမျိုးသား သေနတ်သမားတစ်ဦးကို ဖမ်းဆီးခဲ့သည်။ စနေနေ့မနက်ပိုင်းက ဟိုင်ဗင်ကာမြို့လယ်တွင် အထပ်နိမ့်ခေါင်မိုးပေါ်မှ လူအုပ်အတွင်းသို့ ပစ်ခတ်ခဲ့သော ကြောင့် အသက် ၁၈ နှစ်ရှိ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးအရာရှိ မာ့ခ်ကူးတိုမီနန်က ပြောသည်။ ထို့နောက်အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာခဲ့သော ရဲတစ်ဦးလည်းဒဏ်ရရှိခဲ့သည်။ တရားခံမှာ စစ်ပျောက်ကြားဝတ်စုံဝတ်ဆင်ထားပြီး ပစ်ခတ်မှုပြီးနောက် ခုခံကာကွယ်ခြင်းမရှိဘဲ အဖမ်းဆီးခံခဲ့သည်။ `အမဲလိုက်သေနတ်တစ်လက်အပါအဝင် လက်နက်နှစ်ခုနဲ့ အတူဖမ်းဆီးရမိခဲ့ပါတယ်။`ဟု တိုမီနိုက ပြောသည်။ ပစ်ခတ်ရခြင်း၏ ရည်ရွယ်ချက်ကို မသိရသေးဘဲ စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း ဆိုသည်။ ဖင်လန်သည် ပုဂ္ဂလိက သေနတ်ကိုင်ဆောင်မှုအမြင့်မားဆုံးနိုင်ငံများထဲတွင် တစ်နိုင်ငံအပါအဝင်ဖြစ်သည်။ သို့သော် သေနတ်နှင့်ဆက်စပ်၍ အကြမ်းဖက်မှုနှုန်း နည်းပါးလေသည်။ ဖင်လန်တွင် သေနတ်ကိုင်မှုခင်း ဖြစ်ပွားမှုရှားပါးကြောင်း၊ သေနတ်အများစုမှာ အမဲလိုက်သေနတ်များသာဖြစ်ကြောင်း ဖင်လန်မှုခင်းရေးရာ ပညာရှင်များက ပြောသည်။ လွန်ခဲ့သောနှစ်ပိုင်းများအတွင်းက ဖင်လန်တွင် စာသင်ကျောင်းတွင်းပစ်ခတ်မှု သုံးခုဖြစ်ပွားခဲ့လေသည်။ လွန်ခဲ့သော နှစ်လက ဖင်လန်တောင်ပိုင်းတွင် အသက် ၂၃ နှစ်အရွယ် သေနတ်သမားတစ်ဦးက သူ့ရည်းစားဟောင်း၏ ဖခင်ဖြစ်သူကို ရုံးအဆောက်အဦတစ်ခုအတွင်း ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။ ယင်းဖြစ်စဉ်သည် အထက်တန်းစာသင်ကျောင်းတစ်ခုတွင် ဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ပေ။ ၂၀၀၈ ခုနှစ်အတွင်းက နိုင်ငံအနောက်ပိုင်း ကူဟာဂျိုကီမြို့တွင် အချက်အပြုတ်သင်တန်းသားများ အားလပ်ရက်အပန်းဖြေခရီးထွက်စဉ် သင်တန်းကျောင်းသားတစ်ဦးက အဖေါ်ကိုးဦးနှင့် ဆရာတစ်ဦးကိုပစ်သတ်ခဲ့ပြီး မိမိကိုယ်မိမိ ပစ်သတ်အဆုံးစီရင်ခဲ့သော အမှုဖြစ်ပွားခဲ့သည်။ ၂၀၀၇ ခုနှစ်အတွင်းက ဖင်လန်တောင်ပိုင်း တူဆူလာမြို့အထက်တန်းကျောင်းတွင် အသက် ၁၈ နှစ် ကျောင်းသားတစ်ဦးက သူနာပြုတစ်ဦး၊ ကျောင်းအုပ်ဆရာကြီးနှင့် ကျောင်းသား ၆ ယောက်ကို ပစ်သတ်ခဲ့သည်။ ယင်းသို့ပစ်ခတ်မှုများဖြစ်ပွားပြီးနောက်ပိုင်း အာဏာပိုင်များက ကျောင်းများတွင် ကင်မရာများတပ်ဆင်ခြင်း၊ စာသင်ခန်းတံခါးများတွင် သော့များတပ်ဆင်ခြင်း၊ ပစ်ခတ်မှုဖြစ်ပွားလာပါက အမြန်ဆုံးကိုင်တွယ်နိုင်ရန် ကျောင်းဝန်ထမ်းများကို လေ့ကျင့်ပေးခြင်းများပြုလုပ်ခြင်းဖြင့် စာသင်ကျောင်း လုံခြုံရေးတိုးမြှင့်မှုများ လုပ်ဆောင်ပေးခဲ့လေသည်။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။