Tuesday, May 22, 2012

ကိုလံဘီယာ FARC သူပုန်များသောင်းကျန်း

FARC သူပုန်များတည်ရှိနေမှုကို လက်မခံနိုင်ကြောင်း ဆန္ဒပြနေသူများ
ကိုလံဘီယာနိုင်ငံတွင်း အင်အားအကြီးဆုံးသူပုန်အုပ်စုဖြစ်သော ကိုလံဘီယာ တော်လှန်ရေးတပ်မတော် (FARC) သူပုန်များ၏ တိုက်ခိုက်မှုကြောင့် ကိုလံဘီယာစစ်သား ၁၂ ဦးခန့်သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။ ဗင်နီဇွဲလားနှင့် နယ်စပ်အနီး ဂွါဂျီလာကမ်းရိုးတန်းပြည်နယ်တွင် သူပုန်များက ချုံခိုတိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။ သူပုန်များက ဆာရန်နီယာဒီပါရီဂျာတောင်တန်းများကြားတွင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ တိုက်ခိုက်ပြီး သည်နှင့် ဗင်နီဇွဲလားနိုင်ငံတွင်းသို့ ပြန်လည်ဆုတ်ခွါသွားကြကြောင်း ဒေသတွင်းတပ်မှူးတစ်ဦးဖြစ်သူ အီလီအီဆာဆွာရက်ဇ် က ပြောသည်။ FARC သူပုန်များသည် ဗင်နီးဇွဲလားနယ်မြေကို ခြေကုပ်ယူကာ ကိုလံဘီယာအစိုးရကို တိုက်ခိုက်လာခဲ့ သည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်သည်။ တိုင်းရင်းသားလူနည်းစုများနေထိုင်ရာ တောတွင်း၊ တောင်တွင်းနေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဂွါဂျီရာ မြို့တော်ဝန်က တိုက်ခိုက်မှုကို ရှုတ်ချခဲ့သည်။ `ဒီနေ့မနက်က စပြီးလေကြောင်း ကင်းလှည့်မှုများ စတင်ပြုလုပ်ပါတော့မယ်။ ဗင်နီဇွဲလားနယ်မြေ ထဲမှာ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းကိုမှ လက်မခံနိုင်ပါဘူး။` ဗင်နီဇွဲလားသမ္မတ ဟူဂိုချေဗက်ဇ်က ပြောကြားခဲ့ပြီး နယ်စပ်ဒေသလုံခြုံရေးကိုတိုးမြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်း တနင်္လာနေ့က လေကြောင်း ဖြင့် ထိုးစစ်ဆင်တိုက်ခိုက်မှုပြုလုပ်ပြီးနောက် ရုပ်မြင်သံကြားမှ မိန့်ခွန်းပြောကြားခဲ့သည်။ ကိုလံဘီယာ FARC သူပုန်များသည် နယ်စပ်ဒေသများတွင် လွန်ခဲ့သောနှစ်မှစ၍ အစိုးရစစ်တပ်များကို တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်လာခဲ့လေသည်။ ဧပြီလအတွင်းက တောင်ပိုင်းဌာန ကာကွာတာတွင် တိုက်ခိုက်ခံခဲ့ရသဖြင့် အစိုးရစစ်သား ၁၅ ဦးသေဆုံး ခဲ့ပြီး ဗင်နီဇွဲလားနှင့် နယ်စပ်အရှေ့ဘက် အာရာအူကာတွင် မတ်လအတွင်းက ၁၁ ဦးသေဆုံးခဲ့သည်။ Source: Al jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။