Tuesday, July 24, 2012

ဆီးရီးယားက နိုင်ငံခြားမှ ကျူးကျော်စစ်ပြုလာလျှင် ဓါတုလက်နက်သုံးစွဲခုခံမည်ဟု ပြောကြား

ဆီးရီးယားက ဓါတုလက်နှင့် ဇီဝလက်နက်များကို ဆီးရီးယားသူပုန်များအားတိုက်ခိုက်ရာတွင် အသုံးပြုမည်မဟုတ် ကြောင်း သို့သော် နိုင်ငံခြားတိုင်းပြည်များက ကျူးကျော်လာလျှင်မူ ယင်းတို့ကို အသုံးပြုတိုက်ခိုက်သွားမည်ဟု ပြောကြားလိုက်သည်။ တနင်္လာနေ့က ဒမတ်စကတ်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂျီဟက်မက်ဒီစီက အဆိုပါလက်နက်များကို ဆီးရီးယားအနေနှင့် မိမိနိုင်ငံကိုမိမိကာကွယ်ရာတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ပြည်တွင်းစစ်ပွဲတွင်မူ အသုံးပြုမည်မဟုတ်ကြောင်း ပြောဆိုလိုက်သည်။ `ဆီးရီးယားအာရပ်သမ္မတနိုင်ငံတော်က ပိုင်ဆိုင်တဲ့ အစုလိုက်အပြုံလိုက်သေကြေစေတဲ့လက်နက်တွေ၊ တားမြစ်လက်နက်တွေကို ဆီးရီးယားပြည်သူတွေအပေါ်၊ ဆီးရီးယားယား ပြည်တွင်းစစ်အတွင်း ဘယ်လိုအခြေအနေ မျိုးမှာပဲဖြစ်ဖြစ် သုံးစွဲမှာ မဟုတ်ပါဘူး။` ဟု မက်ဒီစီက ဆိုသည်။ သူပုန်များ၏ တိုက်ခိုက်မှုကြောင့် ကာကွယ်ရေးဝန်ကြီးနှင့် ဒုတိယကာကွယ်ရေးဝန်ကြီးတို့ အပါအဝင်ဆီးရီးယား သမ္မတအာဆက်၏ အစိုးရထိပ်ပိုင်းမှ ထိပ်တန်းအရာရှိလေးဦးသေဆုံးခဲ့ပြီးနောက် သူပုန်များအား နှိမ်နင်းရန် ဆီးရီးယား၏ ဓါတုလက်နက်များ နှင့် ဇီဝလက်နက်များအား အသုံးပြုလာမည့် အရေးအတွက် ဆွေးနွေးပြောဆို မှုများရှိလာခဲ့လေသည်။ ဆီးရီးယားတွင် ဓါတုလက်နက်များပိုင်ဆိုင်ကြောင်း အများက ယုံကြည်ထားကြသော်လည်း ဆီးရီးယားအနေနှင့် လူသိရှင်ကြားထုတ်ဖေါ် ပြောကြားခဲ့ခြင်း မရှိခဲ့ဖူးပေ။ Source: Al Jazeera

0 comments:

Post a Comment

 
ယခု သင်ဖွင့်ထားသော ဘလော့ဂ်အား Mozilla Firefox ဖြင့်ဖွင့်ကြည့်ပါက အကောင်းဆုံးဖြစ်သည်။