![]() |
| ကွန်ဂရက်တွင် မိန့်ခွန်းပြောနေသော အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟူး |
အင်္ဂါနေ့ကပြောကြားသော အဆိုပါမိန့်ခွန်းတွင် အစ္စရေးသည်ဒေသတွင်း၌ အမေရိကန်၏ ဒီမိုကရက်တစ် မိတ်ဆွေနိုင်ငံတစ်နိုင်ငံ ဖြစ်ကြောင်းပြောကြားခဲ့သော်လည်း ပါလက်စတိုင်းတို့အတွက် အရေး ကြီးသော ဆောင်ရွက်ချက်များကိုမူ လုပ်ဆောင်ရန်ငြင်းဆိုခဲ့သည်။
“အရှေ့အလယ်ပိုင်းမှာ အစ္စရေးက မှားယွင်းနေတာမဟုတ်ပါဘူး။ မှန်ကန်တဲ့နိုင်ငံတစ်နိုင်ငံပါ။”
အရှေ့အလယ်ပိုင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ပြဿနာဖြစ်နေရသည်မှာ ပါလက်စတိုင်းတို့က အစ္စရေးနိုင်ငံတည်ရှိမှုကို လက်မခံနိုင်၍သာဖြစ်နေရကြောင်းဆိုသည်။
“ဘေးနားမှာ ဂျူးနိုင်ငံနဲ့ အတူယှဉ်တွဲနေထိုင်ရတဲ့ ပါလက်စတိုင်းနိုင်ငံဆိုတာကို ပါလက်စတိုင်းတွေက လက်မခံနိုင်ဘူး ဖြစ်နေတာပါ။”
အစ္စရေးဝန်ကြီးချုပ်သည် ကွန်ဂရက်တွင်ပြောမည့်မိန့်ခွန်းအတွက် အသေအချာပြင်ဆင်ထားခဲ့သည်။ အဘယ်ကြောင့်ဆိုသော အမေရိကန်-အစ္စရေးလူထုရေးရာကော်မတီ (AIPAC) တွင်မိန့်ခွန်းပြောကြားခဲ့ စဉ်က ပါလက်စတိုင်းနှင့်အစ္စရေးအကြား ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်ရန်လိုအပ်ချက်များမှာ ပျောက် ကွယ်မသွားနိုင်သောအမှန်တရားဟု ဆိုခဲ့သည်။
အစ္စရေးအနေနှင့် ၁၉၆၇ နယ်နိမိတ်အတိုင်းပြန်လည်ပေးရမည်ဟု အိုဘားမားကပြောဆိုခဲ့သည့် အတွက် နေတန်ယာဟူးနှင့် အမေရိကန်-အစ္စရေးလူထုရေးရာကော်မတီတို့ တွင်ရိုက်ခတ်မှုများဖြစ်ပွား ခဲ့သည်။
နေတန်ယာဟူးက အစ္စရေးအနေနှင့် အနစ်နာခံသဘောတူညီချက်များပြုလုပ်ရန် အဆင်သင့်ရှိနေကြောင်း၊ အနာဂတ်ပါလက်စတိုင်းနယ်မြေအကျယ်အဝန်းအတွက် အလွန်ရက်ရောသော လိုက်လျောမှုများရှိလာလိမ့် မည်ဖြစ်ကြောင်း၊ သို့သော် အနာဂတ်နယ်နိမိတ်အတွက် စေ့စပ်ညှိနှိုင်းမှုများအရ သဘောတူလက်ခံရလိမ့် မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ပါလက်စတိုင်းဒုက္ခသည်များအရေးအတွက်မူ အစ္စရေးနိုင်ငံအပြင်ဘက်တွင်သာဖြေရှင်းရ မည်ဖြစ်ကြောင်း၊ ဂျေရုစလင်သည် အစ္စရေးမြို့တော်အဖြစ်သာရှိနေရမည်ဖြစ်ကြောင်း လည်းပြောကြားခဲ့ သည်။ သို့သော်ပါလက်စတိုင်းတို့ကမူ အရှေ့ဘက်ဂျေရုစလင် ကို ၎င်းတို့၏အနာဂတ် နယ်မြေပိုင်ဆိုင်မှုတွင် မြို့တော်အဖြစ်ထားလိုသည်။
ပါလက်စတိုင်းလွတ်မြောက်ရေးအဖွဲ့ (PLO) ၏ အမှုဆောင်ကော်မတီဝင်တစ်ဦးဖြစ်သူ ဆအက်အီရီကက်က အစ္စရေးဝန်ကြီးချုပ် ၏ မိန့်ခွန်းသည် ငြိမ်းချမ်းရေးကို မလိုလားကြောင်းဖေါ်ပြနေသည်ဟု ဆိုသည်။
“ဒီနေ့ည ကွန်ဂရက်မှာနေတန်ယာဟူးပြောခဲ့တဲ့ မိန့်ခွန်းထဲမှာ အသစ်အဆန်းကျွန်တော်မတွေ့ပါဘူး။ သူက စေ့စပ် ညှိနှိုင်းဖို့ မလိုချင်ပါဘူး။ အာဏာပြချင်တာပါ။ ကွန်ဂရက်နဲ့တော့ သူကငြိမ်းချမ်းရေးရအောင်လုပ်နိုင်မှာပါ။ ဒါပေမယ့် ဒီနေ့ညသူပြောခဲ့တဲ့စကားတွေအရ အစ္စရေးဟာ ကျွန်တော်တို့နဲ့ ငြိမ်းချမ်းရေးရအောင်လက်တွဲဆောင် ရွက်မှာမဟုတ်ဘူးဆိုတာ သက်သေပြလိုက်တာပါပဲ။”
နေတန်ယာဟူးမိန့်ခွန်းထဲတွင် ဖာတာအဖွဲ့အနေဖြင့် ဂါဇာကမ်းမြှောင်ဒေသကို ထိန်းချုပ်ထားသော ဟားမက်အဖွဲ့နှင့် ပူးပေါင်းမှုကိုဖျက်သိမ်းရန်တောင်း ဆိုခဲ့ပြီး ဟားမက်အဖွဲ့ကို ပါလက်စတိုင်း အယ်လ်ကေဒါများဟု နာမည်ပေးထားသည်။
“ပြန်လည်ပူးပေါင်းရေးဟာ ကျွန်တော်တို့အတွက် ပထမဦးစားပေးပါ။ အစ္စရေး- ပါလက်စတိုင်း နှစ်နိုင်ငံပူးတွဲရပ်တည်ရေး အဖြေလိုချင်တဲ့ မည်သူမဆို၊ ငြိမ်းချမ်းရေးလိုလားသူမည်သူမဆို ကျွန်တော်တို့ချင်းပြန်လည်ပေါင်းစည်းရေးကမှတစ်ဆင့် သွားရမယ် ဆိုတာ နားလည်ထားရပါမယ်။” ဆအက်အီရီက ပြောခြင်းဖြစ်သည်။
နေတန်ယာဟူး၏ ပြောဆိုမှုများမှာ ပါလက်စတိုင်းတို့က အဆမတန်တောင်းဆိုနေကဲ့သို့ပင်ဖြစ်နေကြောင်း အနောက်ဘက်ကမ်း မြို့တော် ရာမာလာရှိ အယ်လ်ဂျာဇီယာသတင်းထောက် နစ္စရင်း အယ်လ်ရှာမေလေးက မှတ်ချက်ပေးသည်။
“နေတန်ယာဟူးက စေ့စပ်ညှိနှိုင်းလိုပါတယ်လို့ ပြောပါတယ်။ ဒါပေမယ့် ပါလက်စတိုင်းတာဝန်ရှိသူတွေ ကတော့ စေ့စပ်ညှိနှိုင်းစရာကိစ္စတွေ အများကြီးမရှိပါဘူးလို့ဆိုပါတယ်။” သတင်းထောက်ကပြောသည်။
“နေတန်ယာဟူးက ၁၉၆၇ နယ်နိမိတ်ကို ပြန်ဆုတ်ပေးဖို့ငြင်းပါတယ်။ အခြေချဆောက်လုပ်နေတဲ့ လုပ်ငန်းတွေနဲ့ ဂျေရုစလင်တစ်ခုလုံးကို ဆက်လက်ရယူထားပြီးတော့ ပါလက်စတိုင်းတို့က အဲဒီနေရာတွေကို ပြန်မလာတော့ပါဘူးဆိုတဲ့ စကား၊ ဂျူးနိုင်ငံတည်ရှိနေတာကို အသိအမှတ်ပြုပါတယ်ဆိုတဲ့ စကားတွေကိုသာကြားချင်နေတာပါ။”
နေတန်ယာဟူးက မိန့်ခွန်းထဲတွင် အစ္စရေးလူမျိုးတို့ကြောက်လန့်နေသော အီရန်၏ နျူကလီးယားလက်နက် ထုတ်လုပ်မှုကို အသုံးချထည့်သွင်းပြောဆိုသွားပြီး အီရန်သမ္မတကို နိုင်ငံတကာရှိဂုဏ်သိက္ခာနှင့်ပြည့်စုံသော အဖွဲ့အစည်းအတိုင်းက ပစ်ပယ်ထားသင့်ကြောင်းလည်း ပြောကြားသွားသည်။
အစ္စရေးက ကွန်ဂရက်ထောက်ခံမှုကိုရရှိပြီး ပရိတ်သတ်များကလည်း နေတန်ယာဟူးကို မကြာခဏမတ်တတ် ရပ်ကာ လက်ခုပ်သြဘာသံများပေးခဲ့ကြသည်။ သို့သော်ပထမပိုင်းက ကန့်ကွက်ဆန္ဒပြသူများရှိခဲ့ပြီး တာဝန်ရှိသူများက အပြင်သို့ ထွက်ခိုင်းခဲ့သည်။
ဤသိှု့ဆန္ဒအပြခံရသည်ကိုပင် “စစ်မှန်သောဒီမိုကရေစီ” ဖြစ်သည်ဟု မှတ်ချက်ပေးခဲ့သေးသည်။
Source: Al Jazeera




















12:07 PM
HRDP NEWS WORLD

Posted in:
0 comments:
Post a Comment