မြန်မာ့အရေး ကြားဖြတ်သတင်း
![]() |
| ဟံသာဝတီ ဦးဝင်းတင် |
ဟံသာဝတီ ဦးဝင်းတင်သည် ယမန်နေ့(၂၆. ၅. ၂၀၁၁) ညနေပိုင်းတွင် အာရှတော်ဝင်ဆေးရုံသို့ ပို့ဆောင်ကာအရေးပေါ်ဆေးကုသမှု ခံယူနေရကြောင်း ဦးဝင်းတင်နှင့်ဆွေမျိုးနီးစပ်သူ တစ်ဦးထံမှ သိရှိရသည်။ ဦးဝင်းတင်သည် ယခုနှစ် လွန်ခဲ့သော မတ်လ ၁၂ ရက်နေ့က အသက် ၈၁ နှစ်ပြည့်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်း မြန်မာလူမျိုးများမှ မွေးနေ့ အခမ်းအနားများစည်ကားစွာကျင်းပခဲ့ကြသည်။
ဦးဝင်းတင်သည် ဟံသာဝတီသတင်းစာအယ်ဒီတာတစ်ဦးအဖြစ်ဆောင်ရွက်ခဲ့ပြီး ၁၉၈၈ ခုနှစ်အရေးအခင်းတွင် ပြည်သူလူထုဘက်မှရပ်တည်ကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်ပူးပေါင်း၍ နိုင်ငံရေးလှုပ်ရှားမှုများပြုလုပ်ခဲ့ သည်။
အစိုးရက သူ့ကိုနိုင်ငံရေးလှုပ်ရှားမှုကြောင့် ထောင်နှစ်ရှည်ချထားခဲ့ရာ စုစုပေါင်းထောင်ထဲတွင် ၁၉ နှစ်ခန့်နေ ခဲ့ရပြီး ၂၀၀၉ ခုနှစ်က ပြန်လည်လွတ်မြောက်လာခဲ့သည်။ ထို့နောက် ဆက်လက်၍ နိုင်ငံရေး၊ အမျိုးသားရေး များကို ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့တို့နှင့် လက်တွဲမဖြုတ်ဘဲ ဆက်လက်လုပ်ဆောင် နေရင်း ထောင်တွင်းအတွေ့အကြုံများကို “ဘာလဲဟဲ့ လူ့ငရဲ” ဟူသော အမည်ဖြင့် စာအုပ်ထုတ်ဝေခဲ့သည်။ ယင်းစာအုပ်ကို ပြည်တွင်း၌ ထုတ်ဝေခွင့်မရှိသော်လည်း ပြည်ပနိုင်ငံများတွင်မူ ထင်ရှားသောထောင်တွင်း အတွေ့အကြုံစာအုပ်တစ်အုပ်ဖြစ်သည်။
Source: HRDP World News Network



















5:13 PM
HRDP NEWS WORLD

Posted in:
0 comments:
Post a Comment