![]() | |
| လက်ဘနွန်-ဆီးရီးယားနယ်စပ်တွင် ဆီးရီးယားစစ်သားများကိုတွေ့ရပုံ |
သောကြာနေ့က ရဲက ပစ်ခတ်ရာတွင် အသက် ၁၁ နှစ်အရွယ်ရှိအိုင်ဟမ်အယ်အာမက်နှင့် အသက် ၁၆ ရှိ အာမက်ဘက်ကားတို့ သေဆုံးခဲ့သည်။ ရဲကားသည်နံရံကိုဝင်တိုက်ခဲ့ပြီး ဆန္ဒပြ သူများက ရဲကားကိုတိုက်ခိုက်ခဲ့အပြီးတွင်ရဲများက ပစ်ခတ်ခြင်းဖြစ်ကြောင်းအထက်ပါယောင်္ကျားလေး နှစ်ယောက်သေဆုံးသွားသည်ကိုတွေ့ခဲ့သော မျက်မြင်သက်သေက အယ်လ်ဂျာဇီယာကို သတင်းပေးခဲ့ခြင်းဖြစ်သည်။
“ရဲလေးယောက်က စက်သေနတ်တွေနဲ့ ဆန္ဒပြသူတွေကိုပစ်ခတ်ခဲ့တာပါ။” ဟူ၍ မျက်မြင်တစ်ဦးကဆို သည်။ ရဲကားက ဆန္ဒပြသူ ၂၀၀၀ ခန့်စုဝေးနေသည့်လူအုပ်ထဲသို့ ဝင်တိုးတိုက်သောအခါ ဆန္ဒပြသူ များက ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒုတိယ မျက်မြင်သက်သေကဆိုသည်။ ဆန္ဒပြသူအများ အပြားကိုဝင်တိုက်ပြီးနောက်အဆိုပါရဲကားသည် နံရံကိုဝင်တိုက်ခဲ့သည်။ ထို့နောက်ရဲများကားထဲမှ ထွက်လာကာ ဆန္ဒပြသူများကို ပစ်ခတ်တော့သည်။
ဆန္ဒပြသူနောက်ထပ်လေးယောက်သေဆုံးပြီး နှစ်ယောက်မှာ ရာခန်မစ်ရှရစ်နှင့် မူစတာဖာ အလီအယ်လ်ဇာကရစ်တို့ဖြစ်ကြောင်း၊ အခြား ၇ ဦးလည်းထပ်မံဒဏ်ရာရရှိသွားကြောင်း သိရသည်။
ဆီးရီးယားအစိုးရ၏ တင်းကြပ်ထားမှုကြောင့်အယ်လ်ဂျာဇီယာသတင်းဌာနသည်ကိုယ်တိုင်သွားရောက်သတင်းယူနိုင်ခြင်းမရှိသည့် အတွက်သတင်းများကိုမူ အတည်မပြုနိုင်ပေ။
မျက်မြင်တစ်ဦး၏ သတင်းပေးချက်အရ ဟုမ်းစ်အနီး အယ်လ်ဝါးမြို့ရှိ ဆေးရုံကို ရဲများက ဝင်ရောက်စီးနင်းရာ သုံးဦးသေဆုံးကြောင်းသိရသည်။ ယခင်ဆန္ဒပြပွဲများတွင်ဒဏ်ရာရရှိခဲ့သူများကို ဆေးရုံပေါ်တွင် ရဲများကတက်ရောက်ဖမ်းဆီးခြင်း မပြုနိုင်အောင် မြို့နေလူထုက လက်ချင်းတွဲကာ ဆေးရုံကိုဝန်းရံပိတ်ဆို့ထားခြင်းကိုရဲများကအကြမ်းဖက်နှိမ်နင်းခြင်းဖြစ် သည်။ သေနတ်ငယ်များဖြင့် ရဲများကပစ်ခတ်ကြောင်း အဆိုပါမျက်မြင်က ပြောကြားသည်။
သမ္မတ ဘက်ရှာအယ်လ်အာဆက်ကို ဆန့်ကျင်ဆန္ဒပြမှုများလွန်ခဲ့သောနှစ်လကတည်းက စတင်ပေါ်ပေါက် လာခဲ့ပြီး ရဲများက အကြမ်းဖက်နှိမ်နင်းသဖြင့်သေကြမှုများဖြစ်ပွားခဲ့သည်။ လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့များက သေဆုံးသူအရေအတွက် ၈၅၀ ကျော်သွားပြီဖြစ်ကြောင်းဆိုသည်။မငြိမ်သက်မှုများအတွက်ဆီးရီးယားအစိုးရကလက်နက်ကိုင်လူဆိုးများ၊
နိုင်ငံခြားသားများကို အပြစ်တင် ပြောဆိုလျက်ရှိသည်။ ဆန္ဒပြပွဲများကို စုရုံးလှုပ်ရှားသူများအဆိုအရ မြေထဲ ပင်လယ်ဆိပ်ကမ်း မြို့ဖြစ်သော ဘင်နီယက်စ်မြို့၊ အလယ်ပိုင်းဟာမာမြို့နှင့် လာတာကီယာကမ်းရိုးတန်းမြို့များတွင်လည်း သောကြာနေ့က ဆန္ဒပြပွဲများဖြစ် ပွားကြောင်းသိရသည်။ သေကြေမှုများရှိ၊ မရှိကိုမူ အတိအကျမသိရပေ။
ဘင်နီယက်စ်တွင် ပစ်ခတ်နှိမ်နင်းမှုများဆက်လက်ဖြစ်ပွားလျက်ရှိကြောင်း ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကပြောကြားသည်။ တောင်ဘက် ဒါရားမြို့အနီး ရွာတစ်ရွာတွင်လူတစ်ဦး အပစ်ခံရ၍ သေဆုံးကြောင်း ၎င်းအဖွဲ့က ပြောသည်။ သို့သော် အတည်ပြုမပြုနိုင်ချေ။
ဆီးရီးယားမြို့တော် ဒမတ်စကတ်တွင် အဓိကရုဏ်းများပိုမိုဖြစ်ပွားလျက်ရှိပြီး မျက်မြင်တစ်ဦး၏ အဆို အရ သောကြာနေ့ဆုတောင်းပွဲအပြီး ဒါဟာဘီယားဗလီမှထွက်လာသော ဝတ်ပြုဆုတောင်းသူ ၅၀၀ မှ ၇၀၀ ရှိလူစုကို အစိုးရထောက်ခံသူများက သံတုတ်များဖြင့်ဝင်ရောက်တိုက်ခိုက်ကြောင်းသိရသည်။
ဝတ်ပြုဆုတောင်းပွဲအပြီးတွင်ဆန္ဒပြကြရန်၎င်းတို့ကရည်ရွယ်ထားကြပြီး ဗလီအတွင်းမှနေ၍ ဆန္ဒပြခြင်း မပြုရန် တရားဟောဆရာက သတိပေးပြောကြားခဲ့သည်။ ဝတ်ပြုအပြီးတွင် ဆန္ဒပြရန်အစီအစဉ်ကို သိရှိကြသ ဖြင့်တိုက်ခိုက်သူများက ဗလီအပြင်မှနေ၍စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း မျက်မြင်သက်သေကဆိုသည်။
ဒမတ်စကတ် အနီး ရှေးရိုးစွဲဆွန်နီမွတ်စလင်များနေထိုင်သော မိုင်ဒန်မြို့ရှိ အဘူအာယွတ် အယ်လ် အန်ဆာရီ ဗလီတွင်လူပေါင်းတစ်ထောင်ဖြင့်ဆန္ဒပြပွဲစတင်သည်နှင့်ရဲများလာရောက်၍ မျက်ရည်ယိုဗုံးများ ဖြင့် ပစ်ခတ်နှိမ်နင်း ခဲ့ပြီး အများအပြားကို ဖမ်းဆီးသွားကြောင်း မျက်မြင်တစ်ဦးက သတင်းပေးသည်။
ယင်းအနီးရှိ အယ် ဟက်ဆန်ဗလီတွင် ဆန္ဒပြသူများစုဝေး၍ ဒါရား၊ ဘင်နီယက်စ်၊ ဟုမ်း နှင့် ဒူးမားမြို့များ တွင်ရဲများအကြမ်းဖက်နှိမ်နင်းနေမှုများရပ်တန့်ရန်နှင့် လွတ်လပ်ခွင့်အတွက် တောင်းဆိုခဲ့ ကြသည်။
ဆန္ဒပြပွဲများစတင်ကတည်းက မိုင်ဒန်မြို့တွင် အစိုးရဆန့်ကျင်ဆန္ဒပြမှုများမှာ အကြီးမားဆုံးဖြစ်သည်။ သောကြာနေ့တွင် လုံခြုံရေးများထူထပ်စွာချထားသော်လည်း ဆန္ဒပြပွဲများဖြစ်ပွားခဲ့သည်။
ဒမတ်စကတ်အရှေ့မြောက်မြို့စွန် ဘာဇ်မြို့တွင် အယ်လ်ဒိုင်အီယာ ဗလီမှ ၅၀၀ မှ ၇၀၀ အထိရှိသည့် လူအုပ်ကြီးသည် အခြားဆန္ဒပြသူများနှင့် ပူးပေါင်းကာ ပင်မရင်ပြင်ဆီသို့ချီတက်ရန် ဆာလာမ်းဗလီသို့ချီတက် လာခဲ့သည်။ ဘားဇ်တွင် လုံခြုံရေးများထူထပ်စွာချထားသော်လည်း ချီတက်လာသူများကို အနှောက်အယှက် မပေးကြောင်း မျက်မြင်သက်သေက ပြောပြသည်။
ယူကျုတွင်တင်ထားသော ဗွီဒီယိုမှတ်တမ်း (အထက်တွင်ကြည့်ပါ) အရ ဘားဇ်မြို့ဆန္ဒပြသူများမှာ ယခင်အပတ်သောကြာနေ့ ဆန္ဒပြပွဲတွင် ဖြစ်ပွားခဲ့သော စနိုက်ပါသေနတ်သမားများ၏ အန္တရာယ်မှ ကင်းဝေး စေရန် နောက်ဖေးလမ်းကြားများကို အသုံးပြုချီတက်လာခဲ့ကြကြောင်း တက်ကြွလှုပ်ရှားသူတစ်ဦးက ပြော သည်။
ယင်းဗွီဒီယိုဖိုင်အတွင်းပါဝင်သော ဆန္ဒပြသူများသည် လူအများပူးပေါင်းပါဝင်ကြရန် ကြွေးကြော်ခေါ်ကြ ပြီး အာရပ်ဘာသာဖြင့် “ကျွန်ုပ်တို့ကို ကယ်တင်ပါ” ဟူသောကြွေးကြော်သံကို အော်ဟစ်နေကြခြင်းဖြစ်သည်။
ထို့ပြင် “တော်လှန်ရေးအောင်မြင်ရမည်။ ငါတို့သည် ခြင်္သေ့များ၊ ကျားများကဲ့သို့ရဲရင့်ကြသည်။” ဟူ၍လည်း ကြွေးကြော်ကြသည်။ ဆိုင်းဘုတ်များတွင် “ငါတို့မိသားစုနဲ့ ငါတို့ကလေးတွေကို သတ်တဲ့ လူကို အလိုမရှိ။ ထွက်သွား။ တို့အလိုမရှိ။” စသည်ဖြင့်ရေးသားထားသည်။
ကာဒစ်စည်းရုံးလှုံ့ဆော်သူများက “Freedom Friday” ဟုအမည်ပေးထားသောသောကြာနေ့ဆန္ဒပြပွဲတွင် ကာဒစ်အများစုနေထိုင်သော ဆီးရီးယား အရှေ့မြောက်ဘက်တွင် ဆန္ဒပြသူ အရေအတွက်မှာမျှော်မှန်းထား သည်ထက်နည်းပါးကြောင်းနိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောပြသည်။
ခါမစ်ရှလီမြို့လမ်းမများပေါ်တွင် ဆန္ဒပြသူ ၃၀၀၀ ခန့်လမ်းမများပေါ်ထွက်ကာ အစိုးရဖြုတ်ချရေးကြွေးကြော်သံ များဟစ်ကြွေးရာ အဆိုပါကြွေးကြော်သံမှာ မြောက်ဘက်သို့တိုင်ကူးစက်သွားလေသည်။ အာမူဒါမြို့တွင် ဆန္ဒပြသူ ၆၀၀၀ ခန့်၊ ဒီအီရာဘက်ဆီယီမြို့တွင် ၂၀၀၀ ခန့်နှင့် အိမ်အယ်အာရပ် မြို့တွင် ၂၀၀၀ ခန့်ရှိကြောင်း အထက်ပါနိုင်ငံရေးတက်ကြွလှုပ်ရှားသူက ဆက်လက်ပြောဆိုသည်။
“ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးက ဝန်ထမ်းတွေကို ဆန္ဒပြပွဲတွေမှာမပါဝင်ဖို့နဲ့ ပါဝင်ခဲ့ရင် အလုပ်ဖြုတ်ပစ် မယ်လို့ သတိပေးထားပါတယ်။” ဟု ပြောကြားသည်။ လွန်ခဲ့တဲ့အပတ်က တက်ကြွလှုပ်ရှားသူ ၂၅၀ ခန့်ကို အစိုးရက ဖမ်းဆီးစစ်ဆေးပြီး ၄၅ ယောက်ကိုတော့ တရားမဝင်ဆန္ဒပြမှုတွေမှာပါဝင်မှုနဲ့ တရားစွဲခဲ့ပါတယ်။”
“အစိုးရက ကာ့ဒ်နဲ့ အဆီးရီးယန်း ဆိုပြီး အာရပ်တွေကို သွေးခွဲဖို့ကြိုးစားပေမယ့် ဆီးရီးယားတွေအား လုံးကတော့ ညီညွတ်မှုကိုပြသဖို့အတွက် “ယနေ့လွတ်မြောက်မှု” ဆိုတဲ့စကားလုံးကို ကာဒစ်စကားနဲ့ပဲအသုံးပြုဖို့ သဘောတူကြပါတယ်။”
“အစိုးရက ကာ့ဒ်တွေဟာ ပြည်ပတိုင်းပြည်တွေ အကျိုးစီးပွားအတွက် အလုပ်လုပ်ပေးနေတယ်၊ ခွဲထွက် ဖို့ကြိုးစားနေတယ်လို့ စွပ်စွဲပါတယ်။ ဒါပေမယ့် ဒါဟာ မဟုတ်ပါဘူး။”
နိုင်ငံရေးတက်ကြွလှုပ်ရှားသူက ပြောကြားခဲ့ခြင်းဖြစ်သည်။
Source: Al Jazeera




















11:54 PM
HRDP NEWS WORLD

Posted in:
0 comments:
Post a Comment