Wednesday, July 27, 2011
တောင်ကိုရီးယားတွင် ရွှံ့ပြို
တောင်ကိုရီးယားနိုင်ငံတွင် ရွှံ့ပြိုကျမှုနှစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ ၁၇ ဦးသေဆုံးခဲ့ကြောင်း တာဝန်ရှိသူများကပြောသည်။ အခင်းဖြစ်ပွားရာနေရာများသို့ ဗုဒ္ဓဟူးနေ့က ကယ်ဆယ်ရေးလုပ်သားများသွားရောက်ကာ ပိတ်မိနေသူများကို ကူညီခြင်း၊ ပျောက်ဆုံးနေသူများကို ရှာဖွေခြင်းများဆောရွက်ခဲ့ကြောင်း ဆိုသည်။
ပထမဖြစ်ပွားရာနေရာမှာ ချန်ချုံရှိ တောင်ပေါ်အပန်းဖြေစခန်းတွင်ဖြစ်ပြီး ငါးဦးသေဆုံးကာ နှစ်ဦးပျောက်ဆုံးလျက်ရှိသည်။
မနက်စောစောဖြစ်ပွားခဲ့သော မြေပြိုကျမှုအတွင်း သေဆုံးသူ ၁၇ ဦးအနက် ၈ ဦးမှာ စေတနာ့ဝန်ထမ်းလုပ်ကိုင်နေသော ကောလိပ်ကျောင်းသား များဖြစ်သည်။
ချန်ချုံသည် ဆိုးလ်မြို့အရှေ့မြောက် နှစ်နာရီကြာသွားရသော ခရီးအကွာအဝေးတွင်ရှိပြီး သေဆုံးသူကျောင်းသားများသည် စခန်းတွင်း အဆောင်တွင်နေထိုင်ကြခြင်းဖြစ်ပြီး သူတို့ကို ရွှံ့မြေများက ဖုံးလွှမ်းသွားခြင်းဖြစ်ကြောင်း ချန်ချုံမြို့မီးသတ်ဌာနမှ ဗျွန်အင်ဆူးကပြောသည်။
ကျောင်းသားနှစ်ယောက်ပျောက်ဆုံးနေဆဲဖြစ်ပြီး ကယ်ဆယ်ရေးလုပ်သား ၅၀၀ ခန့်ဖြင့်ရှာဖွေလျက်ရှိသည်။
ဆိုးလ်တောင်ပိုင်း တွင်လည်း နောက်ထပ် ရွှံ့မြေပြိုကျမှုတစ်ခု ဗုဒ္ဓဟူးနေ့ကဖြစ်ပွားခဲ့ရာ ငါးဦးသေဆုံးကြောင်း ရဲကပြောသည်။ သေဆုံးသူများမည်သူမည်ဝါဖြစ်သည်ကိုမူ မသိရသေးပေ။ ကလေးငယ်တစ်ဦးပျောက်ဆုံးဆဲဖြစ်သည်။
ရွှံ့ရေများလမ်းများအတွင်းသို့ တလဝေါထိုးဆင်းလာပြီး လူအများလည်း အိမ်အမိုးများပေါ်သို့ ကမျောသောပါး ပြေးတက်နေကြပုံများကို YTV ရုပ်သံက ထုတ်လွှင့်ပြသခဲ့သည်။ ထို့ပြင် အချို့နေရာများတွင် မြေအောက်ရထားဘူတာရုံများ တွင် ရွှံ့ရေများလျှံလျက်ရှိပြီး ရေမြောင်းများလည်းလျှံထွက်နေသည်။
အိမ်ခြေ ၈၀၀ ခန့်နစ်မြုပ်သွားကြောင်း မြို့တော်သဘာဝဘေးအန္တရာယ်ဌာန တာဝန်ရှိသူတစ်ဦးကပြောသည်။
တောင်ကိုရီးယားနိုင်ငံတွင် ယခုအပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့သည်။ အင်္ဂါနေ့ နေ့လည်မှစ၍ ဆိုးလ်တွင် ၁၇ နာရီ အတွင်းမိုးရေချိန် ၄၀၀ မီလီမီတာ ရွာသွန်းခဲ့သည်။
လွန်ခဲ့သောနှစ်ရက်က ချန်ချုံတွင် မိုးရေချိန်၂၅၀ မီလီမီတာကျော်ရွာသွန်းခဲ့သည်။
နိုင်ငံမြောက်ပိုင်းတွင် သောကြာနေ့အထိ နောက်ထပ်မိုးရေချိန် ၁၀ လက်မ ခန့်ထပ်မံရွာသွန်းနိုင်ကြောင်း မိုးဇလတာဝန်ရှိသူများကပြောသည်။
Source: Al Jazeera
0 comments:
Post a Comment