Friday, August 5, 2011
ဆိုမာလီတွင် ငတ်မွတ်မှုကြောင့် ကလေးငယ် ၂၉,၀၀၀ သေဆုံးခဲ့ပြီးဖြစ်
ဆိုမာလီတွင် အငတ်ဘေးကြောင့် လွန်ခဲ့သော ရက်ပေါင်း ၉၀ အတွင်း ကလေး ၂၉,၀၀၀ ထက်မနည်းသေဆုံးခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူများက ပြောသည်။
ကုလသမဂ္ဂကလည်း ဆိုမာလီနောက်ထပ်နယ်မြေသုံးခုကို အငတ်ဘေးဆိုက် နယ်မြေများအဖြစ် ထပ်မံကြေငြာခဲ့သည်။ ယခင်လက ကြေငြာခဲ့သော နယ်မြေနှစ်ခုနှင့်ဆိုလျှင် စုစုပေါင်း အငတ်ဘေးဆိုက်နယ်မြေ ငါးခုရှိသွားပြီ ဖြစ်သည်။
ကုလသမဂ္ဂ အစားအစာနှင့် စိုက်ပျိုးရေးအဖွဲ့ကြီး FAO က ဆိုမာလီတောင်ပိုင်းတွင် နောက်လေးပါးပတ်အတွင်း အငတ်ကပ် ပျံ့နှံ့ သွား မည်ဖြစ်ကြောင်း ဆိုသည်။
အငတ်ဘေးဆိုက်ခြင်း ဟူသည့်ဝိသေသကို ကုလသမဂ္ဂမှ ဖွင့်ဆိုချက်အရ အနည်းဆုံး အိမ်ထောင်စု ၂၀ ခန့် အစာရေစာဆိုးဆိုး ရွားရွားပြတ်လပ်လာလျှင်၊ လူတစ်သောင်းတွင် နေ့စဉ်နှစ်ယောက်နှုန်းဖြင့် ငတ်မွတ်မှုဖြင့်သေဆုံးလျှင် အငတ်ဘေးဆိုက်သည်ဟု သတ်မှတ်သည်။
ထို့ပြင် ဒီဇင်ဘာလအထိ ငတ်မှုမွတ်အခြေအနေမှာ ဆိုးဝါးနေဦးမည်ဖြစ်ကြောင်း အစာအစာအဖွဲ့ FAO မှ သုံးသပ်ထားသည်။ ဆိုမာလီတစ်လွှားတွင် နိုင်ငံစုစုပေါင်းလူဦးရေ ၇.၅ သန်းရှိရာ ၃.၇ မှာ ငတ်မွတ်မှုဒဏ်ကိုခံနေရကြောင်း ကုလသမဂ္ဂမှဆိုသည်။
Source: Al Jazeera
0 comments:
Post a Comment