Sunday, August 21, 2011
အစ္စရေးလ်တိုက်ခိုက်မှုကြောင့် အီဂျစ်ရဲများသေဆုံးခဲ့ရသည့်အပေါ် အီဂျစ်မကျေနပ်
ကြာသပတေးနေ့က အစ္စရေးလ်နယ်မြေအတွင်းသေနတ်သများပစ်ခတ်မှုကြောင့် ရှစ်ဦးသေဆုံးခဲ့ရသောပစ်ခတ်မှုတွင် သေနတ်သမားများကို လိုက်လံရှင်းလင်းသော အစ္စရေးလ်စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုကြောင့် အီဂျစ်နယ်စပ်တွင်အီဂျစ်ရဲ ၅ ဦးသေဆုံးခဲ့ရမှုနှင့်ပတ်သက်၍ အစ္စရေးလ်က ဝမ်းနည်း ကြောင်းပြောကြားခဲ့ရာ ဤမျှဖြင့်မလုံလောက်ဟု အီဂျစ်ဝန်ကြီးရုံးကပြောကြားလိုက်သည်။ သို့သော် အစ္စရေးလ်မှ အီဂျစ်သံတမန် များပြန်လည်ရုပ်သိမ်းမည်ဟု ပြောဆိုမှုဆက်လက်မကြားရတော့ပေ။
“အစ္စရေးလ်ရဲ့ကြေငြာချက်က အပေါ်ယံအားဖြင့်တော့ ကောင်းပါတယ်။ ဒါပေမယ့် ဖြစ်ပွားခဲ့တဲ့အဖြစ်အပျက်နဲ့ အီဂျစ်လူ ထုတွေရဲ့ အမျက်ဒေါသတွေအပေါ် အစ္စရေးက အလေးမထားပါဘူး။” ဟု တနင်္ဂနွေနေ့က အီဂျစ်ဝန်ကြီးရုံးမှ ထုတ်ပြန်ခဲ့သော ကြေငြာချက်ကို ကိုးကား၍ အီဂျစ် MENA သတင်းဌာနက ပြောကြားသွားခဲ့သည်။
သေနတ်သမားများဝင်ရောက်ပစ်ခတ်မှုကြောင့် နက်ဂက်တွင် အစ္စရေးလ်လူမျိုးရှစ်ဦးသေဆုံးခဲ့ရသည့်အတွက် အစ္စရေးလ်စစ်တပ် မှ သေနတ်သမားများကို လိုက်လံချေမှုန်းရာမှ အီဂျစ်ရဲများပါသေဆုံးခဲ့ရသည့် ဖြစ်ရပ်အပေါ် နှစ်နိုင်ငံပူးပေါင်းစုံစမ်းစစ်ဆေးရေး ဆောင်ရွက်ရန် အီဂျစ်ဝန်ကြီးရုံးမှ တိုက်တွန်းခဲ့ကြောင်း MENA မှကြေငြာခဲ့သည်။
“အစ္စရေးနဲ့ ငြိမ်းချမ်းရေးယူထားတဲ့အပေါ် အီဂျစ်က အလေးထားပါတယ်။ ဒါပေမယ့် အစ္စရေးလ်ကလည်း ငြိမ်းချမ်းရေး ထိန်းသိမ်းဖို့ တာဝန်ယူမှုရှိရပါမယ်။” ဟုဆို၏။
ကိုင်ရိုမြို့ အထပ်မြင့်အဆောက်အဦထိပ်ဆုံးရှိ အစ္စရေးလ်သံရုံးကို စနေနေ့က အီဂျစ်များက ဆန္ဒပြမှုပြီးနောက် ဝန်ကြီးရုံး ကြေငြာချက်ထွက် ပေါ်လာခဲ့ခြင်းဖြစ်သည်။
အီဂျစ်ဆန္ဒပြသူများက သံရုံးတွင် တပ်ဆင်ထားသော အစ္စရေးလ်အလံကို ဆွဲဖြုတ်ပြီး အီဂျစ်အလံဖြင့် အစားထိုးတပ်ဆင်ခဲ့ကြ သည်။ ဆန္ဒပြသူဦးရေ ၁,၀၀၀ ကျော်ခန့်ရှိသည်။ အစ္စရေးလ်သံရုံးတွင် အီဂျစ်အလံကို လွှင့်ထူပြီး ဆန္ဒပြသူများက “အီဂျစ်နိုင်ငံတော် အဓွန့်ရှည်ပါစေ” ဟုကြွေးကြော်ခဲ့ကြကာ မီးရှူးမီးပန်းများပစ်လွှတ်ခဲ့ကြသည်။
ယခုကိစ္စအပေါ်အီဂျစ်အစိုးရက ကိုင်တွယ်မှုမှာ လုံလောက်မှုမရှိသေးကြောင်း၊ အစ္စရေးလ်သံအမတ်ကို တိုင်းပြည်မှ နှင်ထုတ် လိုက်သည်အထိ ဆက်လက်ဆန္ဒပြသွားမည်ဟု ဆန္ဒပြသူများက ဆိုကြောင်း သတင်းဌာနက ကြေငြာသွားသည်။
စနေနေ့နေ့လည်ပိုင်းက အီဂျစ်နိုင်ငံခြားရေးဝန်ကြီးဌာနက အစ္စရေးလ်ယာယီသံအမတ်ကို ဆင့်ခေါ်ခဲ့သည်။ အစ္စရေးသံအမတ်မှာ နိုင်ငံပြင်ပသို့ရောက်ရှိနေသဖြင့် ယာယီတာဝန်ခံက အစ္စရေးလ်ကာကွယ်ရေးဝန်ကြီး အီဟွတ်ဘာရက်၏ သေဆုံးသူများအတွက် ဝမ်းနည်းကြောင်းနှင့် နှစ်ဖက်ပူးပေါင်းစုံစမ်းစစ် ဆေးမှုပြုလုပ်သွားမည်ဖြစ်ကြောင်း သဝဏ်လွှာကို ဖတ်ကြားပြခဲ့ကြောင်း အီဂျစ် နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
“အီဂျစ်-အစ္စရေးလ်နယ်စပ်မှာ ဖြစ်ပွားခဲ့တဲ့ ကိစ္စမှာ အီဂျစ်ရဲတွေသေဆုံးသွားတဲ့အတွက် အစ္စရေးလ်အနေနဲ့ ဝမ်းနည်းပါတယ်။” ဟု အီဂျစ်က ၎င်း၏သံတမန်များကို အစ္စရေးလ်မှ ပြန်လည်ရုပ်သိမ်းမည်ဟု ပြောကြားပြီးနောက် အစ္စရေးလ် ကာကွယ်ရေးဝန်ကြီး ဘာရက်က ပြောကြားခဲ့သည်။
အီဂျစ်သတင်းဌာနက အီဂျစ်သံတမန်များကို အစ္စရေးလ်မှ ပြန်လည်ခေါ်ယူမည်ဟု ကြေငြာခဲ့သော်လည်း အစ္စရေးလ်က မည်သည့် အကြောင်းကြားမှုမျိုးမှ မရရှိသေးကြောင်း ဆိုသည်။
“အစ္စရေးလ်နယ်မြေထဲမှာ အစ္စရေးစစ်တပ်နဲ့ လက်နက်ကိုင်အုပ်စုတွေ အပြန်အလှန်ပစ်ခတ်ကြရာက အီဂျစ်နယ်မြေထဲ ကို ထိမှန်ပြီးတော့ သေဆုံးမှုတွေဖြစ်ခဲ့ရပါတယ်။” ဟု အီဂျစ်ပြန်ကြားရေးဝန်ကြီး အိုစမာဟေကယ်လ်၏ ပြောဆိုမှုကို MENA သတင်းဌာနက ကြေငြာခဲ့သည်။
အစ္စရေးလ်တာဝန်ရှိသူများက အစ္စရေးလ်၊ အီဂျစ်၊ ဂါဇာ သုံးနယ်ထိစပ်နေသော နယ်မြေတွင်းရှိ အီဂျစ်ပိုင်နက်ဂက်ကန္တာရ အတွင်းပြေးဝင်သွားသော ဂါဇာပါလက်စတိုင်းတိုက်ခိုက်ရေး သမားများအပေါ် အပြစ်တင်ပြောကြားခဲ့သည်။
အီဂျစ်က သေနတ်သမားများသည် ၎င်းတို့၏ နယ်မြေတွင်းပြေးဝင်လာသည်ဟုဆိုသော ကိစ္စကို ငြင်းဆိုလိုက်ပြီး ဆိုင်းနိုင်း ကျွန်းဆွယ်သည် အီဂျစ်ထိန်းချုပ်မှုဆုံးရှုံးခဲ့သည့်နယ်မြေဖြစ်ကြောင်း ဒေါသတကြီး တုံ့ပြန်လိုက်သည်။
Source: Al Jazeera
0 comments:
Post a Comment