Friday, August 19, 2011
ဆိုမာလီသို့ တူရကီဝန်ကြီးချုပ် အာဒိုဂန်သွားရောက်
မိုးခေါင်ရေရှားမှုကြောင့် လူပေါင်း(၁၂)သန်းခန့် အငတ်ဘေး ဆိုက်နေသော ဆိုမာလီနိုင်ငံ မိုဂါဒစ်ရှူးမြို့သို့ တူရကီ ဝန်ကြီးချုပ် ရီဆက်တေရစ် အာဒိုဂန်သွားရောက်ခဲ့သည်။ အာဒိုဂန်၏ ခရီးစဉ်သည် ပဋိပက္ခများဖြင့် ပြဿနာဖြစ်နေ ဆိုမာလီသို့ နှစ်ပေါင်း (၂၀)အတွင်း အာဖရိက ပြင်ပမှ နိုင်ငံခေါင်းဆောင် (၁)ဦးအဖြစ် ပထမဦးဆုံးအကြိမ် ရောက်ရှိသော ခရီးစဉ်ဖြစ်သည်။
ဆိုမာလီနိုင်ငံသည် ဒေသတွင်း အဆိုးဝါးဆုံး မိုးခေါင်ရေရှားမှု ဒဏ်ကို ခံစားရသော နိုင်ငံဖြစ်သည်။ တောင်ပိုင်းတွင် စစ်ပွဲများ၏ ဒဏ်ကို ခံစားနေရသော ဒေသ(၅)ခုတွင် အငတ်ဘေး ဆိုက်ရောက်နေခြင်း ဖြစ်သည်။
ဝန်ကြီးချုပ် အာဒိုဂန်နှင့် မိသားစုသည် အစိုးရအဖွဲ့ဝင် ဝန်ကြီး(၅)ဦးနှင့်အတူ မိုဂါဒစ်ရှူးမြို့ရှိ ဒုက္ခသည် စခန်းတစ်ခုနှင့် ဆေးရုံတစ်ရုံ သို့ သောကြာနေ့က ရောက်ရှိခဲ့သည်။ ဒုက္ခသည် ၁၀၀,၀၀၀ ကျော် ခိုလှုံလျှက်ရှိသည်။
ဗုဒ္ဓဟူးနေ့က အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အဖွဲ့ဝင်များ အီစတန်ဘူလ်မြို့တွင်တွေ့ဆုံဆွေးနွေးကြပြီး ဆိုမာလီ သို့ ဒေါ်လာ သန်း ၃၅၀ ပေးလှူရန်သဘောတူညီမှုရရှိပြီး နောက်တွင်သွားရောက်ခဲ့ခြင်းဖြစ်သည်။
မိုဂါဒစ်ရှူးမြို့သည် အယ်ကေဒါသစ္စာခံ အယ်လ်ရှာဘက်သူပုန်များက အနောက်နိုင်ငံများက ကျောထောက် နောက်ခံပေးထားသော အစိုးရကို ဖယ်ရှားရန်တိုက်ပွဲများဖြစ်ပွားနေသောမြို့ဖြစ်ပြီး ဥပဒေစိုးမိုးရေးကင်းမဲ့နေသော နိုင်ငံဖြစ်သည်။
ယခု ဆိုမာလီတွင် ကျရောက်နေသော သဘာဝဘေးအန္တရာယ်သည် လူသား အားလုံးအတွက် စမ်းသပ်မှုတစ်ခုဖြစ်ကြောင်း အာဒိုဂန်ကပြောဆိုခဲ့ကြောင်း အယ်လ်ဂျာဇီယာသတင်းထောက် နာဇနိုင်းမိုရှီရီက မြို့တော်မိုဂါဒစ်ရှူးမှ သတင်းပေးပို့ခဲ့သည်။
“မွတ်စလင်မိတ်ဆွေနိုင်ငံတစ်နိုင်ငံကို ကူညီဖို့အတွက် အာဒိုဂန်ဟာ ဒီနိုင်ငံကိုလာရောက်ခြင်းဖြစ်ပါတယ်။”
“လုံခြုံရေးတင်းကြပ်စွာချထားပါတယ်။
အယ်လ်ရှာဘက် အစ္စလာမ္မစ် သူပုန်အုပ်စု တွေတော့ ဆုတ်ခွာသွားကြပါပြီ။ ဒါပေမယ့် အခြေအနေတွေက အလွန်တင်းမာလျှက်ရှိပြီးတော့ တူရကီ ဝန်ကြီးချုပ်အဆင့်လို အဆင့်မြင့် နိုင်ငံရေးခေါင်းဆောင် တစ်ဦးတစ်ဦးအနေနဲ့ ဘယ်လိုမှ မသင့်လျော်တဲ့ ခရီးစဉ်ပါ။”
ယခုလအစောပိုင်းက အယ်လ်ရှာဘက်သူပုန်များ မိုဂါဒစ်ရှူးမြို့မှ ဆုတ်ခွာသွားပြီး နည်းဗျူဟာမြောက်ဆုတ်ခွာခြင်းဖြစ်ပြီး ဆက်လက် တိုက်ခိုက်သွားမည်ဟု ပြောဆိုခဲ့သည်။ သူပုန်များက အနောက်မှ စွက်ဖက်မှုများကို မည်သည့်နည်းနှင့်မျှလက်မခံ နိုင်ပဲ အနှောင်အဖွဲ့မကင်းသောအကူအညီများဟုဆိုကာ ယခင်ကအနောက်မှလာသည့် လူသားချင်းစာနာထောက်ထားရေးအကူ အညီများကိုပင်ပိတ်ဆို့ထားခဲ့သည်။
အယ်လ်ရှာဘက်ထိန်းချုပ် ဆိုမာလီတောင်ဘက်တွင် ငတ်မွတ်ခေါင်းပါးနေသူ ၂.၂ သန်းခန့်ရှိနေကြောင်း၊ ထိုသူများထံသို့ အကူ အညီပေးရေး အစားအစာများပို့ဆောင်ပေးနိုင်ခြင်းမရှိသေးကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာအစီအစဉ်အဖွဲ့မှ သောကြာနေ့က ပြောကြားခဲ့သည်။
Source: Al Jazeera




















10:46 PM
HRDP NEWS WORLD


Posted in:
0 comments:
Post a Comment