![]() |
| ကမ္ဘာ့အသက်အရှည်ဆုံးဂျပန်အဖွား ယုံမီနာဂါဝါ |
၂၀၀၉ ခုနှစ်က စံချိန်တင် သက်တမ်း ၈၆.၄၄ နှစ်ရှိခဲ့ပြီး ငါးနှစ်အတွင်း ၀.၀၅ နှစ်ပထမဦးဆုံး ကျဆင်းခဲ့ခြင်း ဖြစ်ကြောင်း ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနကဆိုသည်။
“မနှစ်က အပူလိုင်းဖြတ်တာကြောင့် အပူရှပ်ခြင်း၊ နှလုံးရောဂါ စတာတွေနဲ့ သေဆုံးမှု တိုးပွားခဲ့တဲ့အတွက် ဖြစ်ပါတယ်။” ဝန်ကြီးဌာန ကပြောသည်။ အသက် ၆၅ နှစ်နှင့် အထက်အရွယ်များ အပူရှပ်သေဆုံးမှုမှာ ၁,၇၁၈ ယောက် (၈၀%) ဖြင့် စံချိန်တင်ခဲ့ ကြောင်း ပြောသည်။
ကမ္ဘာတစ်လွှားတွင် ဂျပန်အမျိုးသမီးများ၏ ပျမ်းမျှသက်တမ်းမှာ အရှည်ဆုံးဖြစ်ပြီး ဟောင်ကောင်က ၈၅.၉ နှစ်ဖြင့် ဒုတိယ၊ ပြင်သစ်က ၈၄.၈ နှစ်ဖြင့် တတိယ လိုက်သည်။
ဂျပန်အမျိုးသား ပျမ်းမျှသက်တမ်းမှာ ၂၀၁၀ အရောက်တွင် ၀.၀၅ နှစ်တိုးတက်လာပြီး ၇၉.၆၄ နှစ်ဖြစ်လာသည်။ အမျိုးသား ပျမ်းမျှ သက်တမ်းတွင် ဂျပန်က စတုတ္ထလိုက်သည်။ သူ့အရှေ့တွင် ဟောင်ကောင်က ၈၀နှစ် ဖြင့်ပထမ၊ ဆွစ်ဇာလန်က ၇၉.၈ နှစ် ဖြင့် ဒုတိယ၊ အစ္စရေးလ်က ၇၉.၇နှစ် ဖြင့် တတိယ တို့ဖြစ်ကြသည်။
Source: Japanese News Agency




















10:33 PM
HRDP NEWS WORLD

Posted in:
0 comments:
Post a Comment