Wednesday, August 24, 2011
ဂျပန်တွင် ဟန်ဆောင်လက်ထပ်မှုများ တိုးပွား
ယခုနှစ်အတွင်း ဟန်ဆောင်လက်ထပ်မှု အရေအတွက် ၈၈ ခုကို ရဲကဖေါ်ထုတ်နိုင်ခဲ့ပြီး လွန်ခဲ့တဲ့ နှစ်ကထက် ၄၉.၂% များလာတယ်လို့ ဇန်န၀ါရီလနဲ့ ဇွန်လအတွင်း အမျိုးသားရဲဌာနက ထုတ်ပြန်တဲ့ အစီရင်ခံစာအရသိရပါတယ်။
ဟန်ဆောင် လက်ထပ်မှုများမှာ ပွဲစားတွေ အပါအ၀င် ပါဝင်ပတ်သက်သူ အရေအတွက် ကတော့ ၂၆၄ ယောက် ဖြစ်ပါ တယ်။ ထိုသူများထဲမှ ၁၄၄ ယောက်မှာ ဂျပန်နိုင်ငံသား ခံယူရရှိပြီး ဖြစ်ပါတယ်။ အခြားနိုင်ငံခြားသား ၁၂၀ မှာ တရုတ် ၈၅ ယောက်နဲ့ ဖိလစ်ပိုင် ၂၃ ယောက်တို့ ဖြစ်ပါတယ်။
ဂျပန်ရဲဌာနက ဟန်ဆောင်လက်ထပ်မှုများ၊ နိုင်ငံကူးလက်မှတ် အတုလုပ်မှုများ၊ နိုင်ငံခြားသားအဖြစ် မှတ်ပုံတင်ရရှိရေး အတွက် အကွက်ချ ဆောင်ရွက်နေမှုများ၊ တရားမ၀င် ငွေလွှဲလုပ်ငန်းများ စသည်တို့ကို အထူးနှိမ်နင်းသွားမည်ဟု ပြောလိုက်ပါတယ်။




















11:06 PM
HRDP NEWS WORLD

Posted in:
0 comments:
Post a Comment