Tuesday, August 2, 2011
အစ္စရေးတွင် ဆန္ဒပြမှုဖြစ်ပွား
အစ္စရေးနိုင်ငံ မြို့ကြီး ၁၁ မြို့တွင် လူပေါင်း ၁၀၀,၀၀၀ ကျော် စနေနေ့က လမ်းမများပေါ်သို့ထွက်ကာ တိုင်းပြည်တွင်းနေထိုင်မှု စားရိတ်များ ကြီးမြင့်လာသည့် အတွက် ဆန္ဒပြခဲ့ကြသည်။
“လူထုလူတန်းစားညီမျှရေး” ဟူသော ကြွေးကြော်သံများနှင့် “တရားမျှတမှုကိုလိုချင်တယ်။ လှူဒါန်းတာ မလိုချင်ဘူး။” ဟူသော ကြွေးကြော်သံများကို ကြွေးကြော်ကြပြီး တယ်လ်အဗစ်၊ ဂျေရုစလင်၊ ဘီအာရှီဗာနှင့် ဟိုင်ဖာမြို့များတွင် ဆန္ဒပြသူ ဦးရေ အများဆုံးဖြစ်သည်။
အကြီးမားဆုံးဆန္ဒပြအုပ်စုမှာ တဲလ်အဗစ်တွင်ဖြစ်သည်။ လူပေါင်း သောင်းနှင့်ချီ၍ မြို့တော်ဟာဘီမာ ရင်ပြင်မှ တဲလ်အဗစ် ပြတိုက်သို့ ချီတက်ခဲ့ကြသည်။
Source: Al Jazeera




















1:18 PM
HRDP NEWS WORLD

Posted in:
0 comments:
Post a Comment