![]() |
| အမေရိကန်နိုင်ငံနီဗားဒါး နျူကလီးယားစမ်းသပ်မှု |
“ဂျပန်ကလည်း အလားတူ စမ်းသပ်မှုမျိုး ပြုလုပ်ပြသင့်ပါတယ်။ ဂျပန်အနေနဲ့ လိုချင်တယ်ဆိုရင် အချိန်မရွေး နျူကလီးယား လက်နက် လုပ်နိုင်တယ်ဆိုတာကို ပြရမယ်။ ကျုပ်တို့မှာ ပလူတိုနီယံတွေဆိုတာ တစ်ပုံတစ်ပင်ကြီး ရှိပြီးသားပဲ။” လို့ သူက သတင်းစာ ရှင်းလင်းပွဲတစ်ခုမှာ ပြောခဲ့ပါတယ်။
“အဲဒီလို စစ်အင်အားကို ထုတ်မပြဘူးဆိုရင် ကမ္ဘာမှာ ကျုပ်တို့နေရာ ပျောက်သွားလိမ့်မယ်။” သူက
ဆက်ပြောပါတယ်။
“ဂျပန်က တီထွင်လိုက်တဲ့ နည်းပညာတွေကို သုံးပြီး အမေရိကန်က ဂြိုလ်တုစံနစ်သုံး အခြား အဆင့်မြင့် လက်နက်တွေ ထုတ်လုပ်နေပြီ။ ကျုပ်တို့လည်း ဒီလို လက်နက်တွေ ထုတ်လုပ်သင့်တယ်။”
အသေးစား နျူကလီးယား စမ်းသပ်ဖေါက်ခွဲမှုများမှာ အမေရိကန် အမျိုးသား နျူကလီးယား လုံခြုံရေး ကြီးကြပ်ရေး လက်အောက်ခံ Stockpile Stewardship Management Program (SSMP) ၏ လုပ်ဆောင်ချက် တစ်ခုဖြစ်ပြီး သက်တမ်းရင့်လာသော ယူရေနီယမ်နှင့် ပလူတိုနီယံများတွင် ပြဿနာများ (သို့မဟုတ်) အရည်အသွေး ကျဆင်းလာမှုများ ရှိ၊ မရှိ စမ်းသပ်သော လုပ်ငန်း ဖြစ်ပါတယ်။ နျူကလီးယား ပေါက်ကွဲမှုရလဒ်ဖြစ်တဲ့ ကွင်းဆက် အကျိုးသက်ရောက်မှုတွေတော့ မရှိပါဘူး။ ဒါကြောင့် ဒီစမ်းသပ်မှု တွေကို ဓါတ်ရောင်ခြည် အကျိုးသက်ရောက်မှုမရှိတဲ့ အသေးစား နျူကလီးယား စမ်းသပ်ဖေါက်ခွဲမှုတွေလို့ ခေါ်တာပါ။
Source: Japanese Media




















5:47 PM
HRDP NEWS WORLD

Posted in:
0 comments:
Post a Comment