ပါကစ္စတန်-အာဖဂန်နယ်စပ်တွင် လွန်ခဲ့သော အပတ်က နယ်စပ်မျဉ်းကို အမှတ်မထင် ဖြတ်ကျော်မိသော ပါကစ္စတန် ယောင်္ကျား လေး အယောက် ၃၀ ကို ပြန်ပေးဆွဲသွားသော ပါကစ္စတန် တာလီဘန်အဖွဲ့က ဖမ်းဆီးထားသော သူတို့ အဖွဲ့ဝင်များကို ပြန်လည် လွှတ်ပေးရန်နှင့် တာလီဘန်ကို
ချေမှုန်းရေးအတွက် ဒေသခံ တိုင်းရင်းသား အကြီးအကဲများက အကူအညီများ
ပေးနေမှု ရပ်ဆိုင်းရန် တောင်းဆိုလိုက်သည်။
လွန်ခဲ့သော သောကြာနေ့ မွတ်စလင် အားလပ်ရက်ဖြစ်သော အစ်နေ့က အာဖဂန်နယ်စပ် ကူနာပြည်နယ်တွင် ပျော်ပွဲစားထွက်ခဲ့ သော ယောင်္ကျားလေးများကို တာလီဘန်တို့က ဖမ်းဆီးသွားခြင်းဖြစ်သည်။
“ပါကစ္စတန်အစိုးရနဲ့ ဒေသခံ တိုင်းရင်းသား အကြီးအကဲတို့က ကျုပ်တို့တောင်းဆိုတာ မလိုက်လျောဘူးဆိုရင် ကောင်လေးတွေကို ကျုပ်တို့ ပြန်လွှတ်မပေးဘူး။” ဘူဂျာအာရှိ တာလီဘန်တပ်ရင်းမှူး မူလာဒါဒူလာက အင်္ဂါနေ့က နယ်စပ်ရှိ သူတို့ပုန်းခိုရာနေရာသို့ သတင်းသမားတစ်စုကို
ခေါ်ဆောင်သွားပြီး ပြောပြခဲ့သည်။ သတင်းထောက်များအား အသက် ၁၅ နှစ်နှင့် ၂၁ နှစ်ကြားရှိ ဓါးစာခံ
လေးယောက်အား ပြသခဲ့သည်။
ပက်ရှ်ဝါထောင်တွင် ဖမ်းဆီးထားသော အကျဉ်းသားများ လွှတ်ပေးရန် ဒါဒူလာက တောင်းဆိုခဲ့သည်။ ယင်းအကျဉ်းသားများထဲတွင် အမျိုးသမီးများနှင့် ကလေးငယ်များလည်း ပါဝင်သည်။ ဘာဂျာအာဒေသတွင် အစိုးရစစ်တပ်ကြောင့် အိမ်များ ပျက်စီးသွားသဖြင့် လျော်ကြေးပေးရန်လည်း တောင်းဆိုထားသည်။
Source: Al Jazeera




















11:48 AM
HRDP NEWS WORLD
Posted in:
0 comments:
Post a Comment