Sunday, September 25, 2011
ဂျပန်တွင် မက်ဒေါ်နယ် ဆိုင်အများအပြားပိတ်မည်
မတ်လ ၁၁ ရက်နောက်ပိုင်း လျှပ်စစ်ဓါတ်အား မလုံလောက်မှုကြောင့် နောက်နှစ်အတွင်း ဂျပန်လက်ခွဲ မက်ဒေါ်နယ် ဆိုင်ပေါင်းရာနှင့် ချီ၍ ပိတ်ပစ်မည့် အလားအလာရှိနေသည်။
“နောက်နှစ်မှာ ကျွန်တော်တို့ဆိုင် ရာဂဏန်းအချို့လောက်ပိတ်လိုက်ချင်ပါတယ်။ နောက်ထပ်တစ်နှစ်မှာ တော့ရောင်းအား တက်လာဖို့မျှော်လင့်ပါတယ်။” ဟု အမှုဆောင်အရာရှိချုပ် အီကို့ဟာရာဒါက ကြာသပတေးနေ့က ပြောကြားခဲ့သည်။
မက်ဒေါ်နယ်သည် ဂျပန်နိုင်ငံတွင် အကြီးဆုံး အမြန်ရအစားအစာဆိုင်ခွဲများဖွင့်ထားနိုင်သော ကုမ္ပဏီဖြစ်ပြီး ဆိုင်းခွဲကြီးများ၏ ဝင်ငွေကောင်းလာသည့်အတွက်ဆိုင်များကို ပြန်လည်ပြင်ဆင်မွန်းမံရန် လိုအပ်နေပြီး အမြတ်သိပ်မကျန်သည့် ဆိုင်ခွဲငယ် ၄၀၀ ခန့်ကို နောက်နှစ်တွင် ပိတ်ပစ်လိုက်မည်ဟု ဟာရာဒါကပြောသည်။




















2:49 PM
HRDP NEWS WORLD

Posted in:
0 comments:
Post a Comment