Sunday, October 16, 2011
မက္ကဆီကို ထောင်တွင်းအဓိကရုဏ်း
မက္ကဆီကို နယ်စပ်မြို့တော်မာတာမော်ရက်စ်မြို့ ထောင်တွင်းအဓိကရုဏ်းတစ်ခုတွင် ထောင်သားအယောက် ၂၀ သေဆုံးပြီး ၁၂ ယောက်ဒဏ်ရာရရှိခဲ့ကြောင်းတာဝန်ရှိသူများက ပြောကြားခဲ့သည်။
အကျဉ်းထောင်သည် မက္ကဆီကိုနှင့် အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဘရောင်းဗီးလ် နယ်စပ်တွင်တည်ရှိပြီး အကျဉ်းသားနှစ်ဦး အချင်းချင်းအငြင်းပွားကြရာမှာ အခြားအကျဉ်းသားများပါဝင်လာကြပြီး ဓါးထိုးပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထို့နောက် အကျဉ်းထောင်တာဝန်ရှိသူများရောက်ရှိလာသောအခါမှ ရန်ပွဲရပ်စဲခဲ့လေသည်။
တာမာအူလီပတ်ရှိ ပြည်နယ်လုံခြုံရေးဌာနမှ ကြေငြာချက်တစ်စောင်ထုတ်ပြန်ပြီး သေဆုံးသွားသူများအတွက် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း အကျဉ်းသားမိသားစုများအား အသိပေးခဲ့လေသည်။
အဓိကရုဏ်းမှာ ဒေသစံတော်ချိန် နံနက် ၈ နာရီမှ ၁၀ နာခွဲအထိကြာမြင့်ခဲ့ပြီး စစ်သားများနှင့် မရိန်းတပ်သားများလာရောက် လူစုခွဲပေးခဲ့ရသည်။
အဓိကရုဏ်းကြောင့် အကျဉ်းထောင်၏အခြေအနေနှင့်ပတ်သက်၍ အကြမ်းဖက်မှုများ၊ ထောင်ဖေါက်ထွက်ပြေးလွတ်မြောက်မှု များအပေါ် ဝေဖန်ခံနေရသည်။
ကြာသပတေးနေ့ကလည်း မွန်တာရီမြို့ပြင်ရှိ အကျဉ်းထောင်တစ်ခုအတွင်း လူဆိုးအုပ်စုနှစ်စု တိုက်ခိုက်ကြရာမှ အကျဉ်းသား ၇ ဦးသေဆုံးသည့်ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့သည်။
ဇူလိုင်လအတွင်းကလည်း နယ်စပ်မြို့ဂျူရက်ဇ်ရှိ အကျဉ်းထောင်အဓိကရုဏ်းတွင် ၁၇ ဦးသေဆုံးခဲ့သည်။
မက္ကဆီကိုတွင် အကျင့်ပျက်ခြစားမှုများ အဆမတန်ဖြစ်ပွားနေပြီး ထောင်များအတွင်း၌လည်း လူဆိုးဂိုဏ်းများက အုပ်စိုးရန်ကြိုး ပမ်းမှုများကြောင့် မကြာခဏဆိုသလို ထောင်တွင်းဂိုဏ်းအချင်းချင်းကြား အဓိကရုဏ်းများဖြစ်ပွားလေ့ရှိသည်။
Source: Al Jazeera




















12:36 PM
HRDP NEWS WORLD

Posted in:
0 comments:
Post a Comment