ကာဂိုရှီမာရပ်ကွက် လုံထိန်းရဲနှစ်ယောက်က ဂျပန်အရက်ဆိုင်တစ်ဆိုင်မှာအလုပ်လုပ်နေတဲ့ ၁၆ နှစ်အရွယ်အလုပ်သမတစ်ဦးကို ကာယိနြေ္ဒပျက် အောင်လုပ်မှုနဲ့သောကြာနေ့ညက ဖမ်းဆီးလိုက်တယ်လို့ ဖူကူအိုကာရဲက တနင်္လာနေ့က ပြောပါတယ်။
အလုပ်သမားမိန်းကလေးက အမျိုးသမီးအိမ်သာထဲက ထွက်အလာမှာ ဒီလူနှစ်ယောက်က အိမ်သာထဲကို ပြန်တွန်းထည့်ပြီး သူမရဲ့ ရင်သားများကို ကိုင်တွယ်ကြတယ်လို့ NTV သတင်းက ကြေငြာခဲ့ပါတယ်။ ဒီလူနှစ်ယောက်ဟာ ဖူကူအိုကာမှာ သင်တန်း လာတက်နေတာဖြစ်တယ်လို့ NTV သတင်းကပြောပါတယ်။
မိန်းကလေးက နည်းပညာကောလိပ်တက်နေတဲ့ကျောင်းသူဖြစ်ပြီး မြို့ရဲ့ ဟာကာတာရပ်ကွက်မှာရှိတဲ့ အရက်ဆိုင်မှာ အချိန်ပိုင်း အလုပ်လုပ်နေတာဖြစ်ပါတယ်။
အခင်းဖြစ်ပွားခဲ့တဲ့ အရက်ဆိုင်မှာ ကျား၊ မ အိမ်သာနှစ်လုံးသာရှိပြီး တစ်ယောက်ချင်းစီပဲ သုံးလို့ရတဲ့ အိမ်သာများဖြစ်ပါတယ်။ ဒီလူနှစ်ယောက်ရဲ့လက်ထဲကနေ ၅ မိနစ်လောက်အကြာမှာ ထွက်ပြေးလွတ်လာခဲ့ပြီး ဆိုင်ရှင်သူဌေးကို မိန်းကလေးက တိုင်ကြား ပါတယ်။
ကျူးလွန်သူတွေက လည်း သူတို့ကျူးလွန်ကြောင်းဝန်ခံခဲ့ကြပါတယ်။ သူတို့ဟာ အပေါင်းအဖေါ် ၅ ယောက်အတူအရက်ထိုင် သောက်နေကြတာဖြစ်ပြီး အရက်မူးလွန်သွားပြီး ဖြစ်ခဲ့တာပါလို့ ၀န်ခံခဲ့ပါတယ်။
Source: Japan Today




















7:53 PM
HRDP NEWS WORLD
Posted in:
0 comments:
Post a Comment