Sunday, October 23, 2011
ဆော်ဒီ အိမ်ရှေ့မင်းသားကွယ်လွန်
အသက် ၈၃ နှစ်ရှိဆော်ဒီကာကွယ်ရေးဝန်ကြီးအဖြစ်ထမ်းဆောင်နေသူ ဆော်ဒီအိမ်ရှေ့မင်းသား ဆူလ်တန်ဘင်အဘ္ဘဒူလ်-အာဇစ်ဆော့ဒ် ကွယ်လွန်သွားပြီဖြစ်၏။
`ဆော်ဒီအိမ်ရှေ့မင်းသားဟာ နာမကျန်းဖြစ်ရာက ယခုစနေနေ့နံနက်တွင် နိုင်ငံပြင်ပ၌ကွယ်လွန်သွားပြီဖြစ်ပြီး ဆော်ဒီဘုရင်ကြီး အဘ္ဘဒူလာဘင် အဘ္ဘဒူလာဇစ်သည် သူ့၏ညီတော်နှင့် အိမ်ရှေ့မင်းသားဖြစ်သူအတွက် ၀မ်းနည်း ကြေကွဲခဲ့ရပါတယ်။´ ဟု ဆော်ဒီနိုင်ငံပိုင်သတင်းစာတွင်ဖေါ်ပြခဲ့သည်။
အိမ်ရှေ့မင်းသား၏ အသုဘအခမ်းအနားကို အင်္ဂနေ့တွင်ကျင်းပမည်ဖြစ်ကြောင်း ဖေါ်ပြထားသည်။
သူသည် အရေးကြီးသော၊ သြဇာအာဏာရှိသော အိမ်ရှေ့မင်းသားတစ်ဦးဖြစ်ပြီး ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက် ရေး ကောင်စီတွင် အရေးပါသောအခန်းကဏ္ဍမှ ဆောင်ရွက်နေသူတစ်ဦးဖြစ်ကြောင်း ၊ အထူးသဖြင့်ယီမင်အရေးတွင် အရေးပါသူတစ်ဦးဖြစ်ကြောင်း အက်၇ှ်ဟာ့ခ်အလောဆက် သတင်းစာတွင် ဆောင်းပါးရှင် ဟူစိန်ရှိုဘော့ရှီက ရေးသားဖေါ်ပြခဲ့သည်။
`ယီမင်နိုင်ငံမှာ အစိုးရ၊ တိုင်းရင်းသား၊ လူထုလူတန်းစား စတဲ့နယ်ပယ်အသီးသီးက လူတွေနဲ့ဝင်ဆံ့ပြီး ယီမင်နိုင်ငံရဲ့တည်ငြိမ်ရေးကို အဓိကထားပြီး နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်ချောချောမွေ့မွေ့နဲ့ ကူးပြောင်းသွားပြီး ဆော်ဒီကိုထိခိုက်မှုမရှိအောင် ဆောင်ရွက်နေသူဖြစ်ပါတယ်။´
ဆူလ်တန်အိမ်ရှေ့မင်းသားကွယ်လွန်သွားခြင်းကြောင့် သူ့ညီ ပြည်ထဲရေးဝန်ကြီး နေယက်ဖ်ဘင်အဘ္ဘဒူလ်-အာဇစ် သည် အိမ်ရှေ့မင်းသားဖြစ်လာမည်ဖြစ်ပြီး လက်ရှိဘုရင်ကြီးကွယ်လွန်သွားလျှင် ထီးနန်းအရိုက်အရာကိုဆက်ခံရ မည်ဖြစ်သည်။
အကဲဖြတ်သုံးသပ်သူများက ဆူလ်တန်အိမ်ရှေ့မင်းသားသည် ဦးနှောက်သိပ်မမှန်သောရောဂါရှိပြီး မတ်လ ၂၀၀၉ ခုနှစ် အတွင်းက ပေါက်ကြားခဲ့သော
ဝီကီလိခ်တွင် အမေရိကန်တို့က သူ့ကို `အမှန်တကယ်တော့ သူသည် လုပ်ရည်ကိုင်ရည်မရှိသောသူ´ ဟု မှတ်ချက်ပေးထားလေသည်။ ၂၀၀၄ ခုနှစ်တွင် အူမကြီးကင်ဆာစတင်ခံစားလာခဲ့ရ သည်။
ဆူလ်တန်အိမ်ရှေ့မင်းသားသည် ဘုရင်အဘ္ဘဒူလ်-အာဇစ်ဘင်ဆော့ဒ်၏ သား ၆၃ ယောက်တွင် သတ္တမမြောက်သား ဖြစ်သည်။ ဘုရင်အဘ္ဘဒူလ်-အာဇစ်ဆိုသည်မှာ ၁၉၃၂ တွင် ဆော်ဒီအာရေးဗျ နိုင်ငံတော်ကိုစုစည်းတည်ထောင်ခဲ့သူ ဖြစ်သည်။ ဆူလ်တန်အိမ်ရှေ့မင်းသားသည် နေယက်ဖ်နှင့် ယခင်ဘုရင်ကြီး ဖာ့ဒ်တို့ကဲ့သို့ပင် ဆော်ဒီတွင် အာဏာ ကြီးသူ ခုနှစ်ယောက်စာရင်းတွင် ပါဝင်သူဖြစ်သည်။
ဆူလ်တန်မင်းသားသည် ကာကွယ်ရေးဝန်ကြီးရာထူးကို အနှစ် ၅၀ မျှယူခဲ့ပြီးဆော်ဒီတွင် သက်တမ်းအရှည်ဆုံး ၀န်ကြီးတစ်ပါးလည်းဖြစ်သည်။ အမေရိကန်နှင့် ဗြိတိန်တို့မှခေတ်မီလက်နက်များကို ဆော်ဒီတွင် တပ်ဆင်ခဲ့သည်။
သူ့သားများအနက် မင်းသားခါလစ်သည် ယီမင်သူပုန်များနှင့် တိုက်ခိုက်ရာတွင် ကြီးကြပ်တာဝန်ယူထားပြီး ဆက်ဒမ်ဟူစိန်နှင့်ပင်လယ်ကွေ့စစ်ပွဲဖြစ်စဉ်က အာရပ်တပ်များကို ကွပ်ကွဲခဲ့သည်။ မင်းသားဘန်ဒါသည် ၁၉၈၃ မှ ၂၀၀၅ အထိ အမေရိကန်ဆိုင်ရာ ဆော်ဒီသံအမတ်အဖြစ်တာဝန်ယူခဲ့သည်။
၂၀၀၆ ခုနှစ်တွင် ထီးနန်းဆက်ခံမှုဆိုင်ရာ ကိစ္စများကိုဆောင်ရွက်နိုင်ရန် `သစ္စာတော်ခံခြင်း ကောင်စီ´ တစ်ရပ်ကို ဘုရင်က ဖွဲ့စည်းခဲ့သည်။ ထီးမွေနန်းလျာရွေးချယ်ရာတွင် ဘုရင့်သဘောအတိုင်းအတိုင်းသာ လုံးလုံးလျားလျား စီမံရခြင်းဖြစ်ပြီး ကောင်စီအနေနှင့်ဖြင့် မည်မျှပါဝင်နိုင်ခွင့်ရှိသည်ကို မသိရပေ။
လက်ရှိဘုရင် အဘ္ဘဒူလာရဲ့နောက်မှာ ဘယ်သူပဲထီးနန်းဆက်ခံသည်ဖြစ်စေ ပြောင်းလဲမှုအသစ်များလုပ်ဆောင် ရလိမ့်မည်ဟု ဆော်ဒီမြို့တော် ရီယာ့ဒ်မြို့မှာရှိတဲ့ Arab News သတင်းစာရဲ့ အယ်ဒီတာချုပ်ခါလက် အယ်လ်-မအီးနားက ပြောပါတယ်။
`အာရပ်ခေါင်းဆောင်များနဲ့ ယခုရှိနေတဲ့နောက်လိုက်အတွက် အရေးကြီးတဲ့အချက်ကတော့ အာရပ်နွေဦးလို့ခေါ်တဲ့ပုန်ကန်မှုကြောင့်ပဲဖြစ်ဖြစ်၊ အာရပ်ဆောင်းတွင်းပဲဖြစ်ဖြစ် အပြောင်းအလဲကိုလိုလားတဲ့ လူထုရှိ နေတယ်ဆိုတာ ထည့်တွက်ထားဖို့ပဲဖြစ်ပါတယ်။´
ကွယ်လွန်သူအိမ်ရှေ့မင်းသားကြီးကို ၁၉၂၈ ခုနှစ် ဇန်န၀ါရီလ ၅ ရက်နေ့တွင်ဖွားမြင်ခဲ့ပြီး အချို့သော အနောက်တိုင်း လေ့လာသူများက သူ့ကို ၁၉၂၄ ခုနှစ်တွင်ဖွားမြင်ခဲ့သည်ဟု ဆိုကြသည်။
Source: Al Jazeera




















11:46 AM
HRDP NEWS WORLD

Posted in:
0 comments:
Post a Comment