Sunday, October 30, 2011
တိုကျို စည်းကမ်းမဲ့ စက်ဘီးသမားများကို ကိုင်တွယ်တော့မည်
တိုကျိုမြို့မှာ စက်ဘီးသမားတွေများလာနေပြီးတော့ စည်းကမ်းဖေါက်ဖျက်စီးနင်းမှုတွေ၊ ပရမ်းပတာစီးနင်းမှုတွေမှုတွေ ကြောင့် မတော်တဆမှုတွေလည်း တိုးလာနေပြီး တိုကျိုရဲများက လိုက်လံနှိမ်နင်းနေရပါတယ်။ မြို့ပြရဲဌာနရဲ့ စီမံချက်နဲ့ စက်ဘီးစီးနင်းရမယ့် လမ်းကြောင်းတွေ စည်းကမ်းသတ်မှတ်ဖို့ဆောင်ရွက်နေပြီး မတော်တဆမှုတွေ၊ လမ်းစည်းကမ်းဖေါက်ဖျက်နေတာတွေကို လျှော့ချနိုင်ဖို့အတွက် ပြင်းပြင်းထန်ထန်ဒဏ်တပ်အရေးယူဖို့လည်း ရှိနေပါ တယ်။ ဘရိတ်မကောင်းတဲ့ စက်ဘီးစီးနင်းလာတဲ့လူတွေ၊ မီးနီဖြတ်တဲ့လူတွေကို ဒဏ်ငွေ ၅၀,၀၀၀ ယန်းအထိတပ် ခံရနိုင်ပါတယ်။ လူသွားလမ်းမှာစီးတဲ့အခါ ဖြည်းဖြည်းမှန်မှန်နဲ့ ဂရုတစိုက်စီးဖို့ ပျက်ကွက်တဲ့ လူတွေကိုတော့ ယန်း ၂၀,၀၀၀ အထိဒဏ်တပ်မှာဖြစ်ပါတယ်။ အသစ်ပြဋ္ဌာန်းလိုက်တဲ့ စည်းကမ်းတွေနဲ့ အတူ ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်မှုတွေကို ကိုင်တွယ်ဖို့ ရဲတွေ စိုင်းပြင်နေကြပါတယ်။




















7:51 PM
HRDP NEWS WORLD

Posted in:
0 comments:
Post a Comment