![]() |
| အော်စကာအော်တေဂါဟာနန်ဒက်စ် |
လွန်ခဲ့သောအပတ်က အမေရိကန်သမ္မတအိမ်ဖြူတော်ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုဖြင့် သံသယရှိသူ အသက် ၂၁ နှစ်ရှိ အော်စကာအော်တေဂါ ဟာနန်ဒက်ဇ်ကို ရဲကဖမ်းဆီးခဲ့သည်။ အိမ်ဖြူတော်နံရံတွင် သေနတ်ကျည်တစ်တောင့်၊ ပြူတင်းပေါက်မှန်ထိသော သေနတ်ကျည်ဆံတစ်တောင့်၊ စုစုပေါင်းနှစ်တောင့်ကို ရဲက ရှာဖွေတွေ့ရှိခဲ့သည်။
ဟာနန်ဒက်စ်ကို ဗုဒ္ဓဟူးနေ့က အင်ဒီးယားနားအနီးဟိုတယ်တစ်လုံးတွင် ပြည်နယ်ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီး ရမိခဲ့သည်။ သောကြာနေ့က ဖြစ်ပွားခဲ့သော အိမ်ဖြူတော်ကို သေနတ်ဖြင့်ပစ်ခတ်မှုတွင် အခင်းဖြစ်ပွားရာ အနီး၌ စွန့်ပစ်မော်တော်ယာဉ်တစ်စင်းပေါ်မှ တွေ့ရှိရသော အထောက်အထားများအရ ဟာနန်ဒက်စ်နှင့် ပတ်သက်ဖွယ်ရှိ ကြောင်း ရဲဆာဂျင် ဒေးစကိုလိုဆာက ပြောသည်။
သောကြာနေ့ညက သမ္မတအိုဘားမား အေပက်ထိပ်သီးစည်းဝေးပွဲသို့မတက်ရောက်မီ ဆန်ဒီယေဂိုရှိ ဘတ်စကက်ဘောလ် ပွဲသို့သွားရောက်အားပေးခဲ့ပြီး ပစ်ခတ်မှုသတင်းပေးချက်တစ်ခုရဲကလက်ခံရရှိခဲ့သည်။ ယင်းပစ်ခတ်မှုနှင့် ဆက်စပ်မှုရှိ၊ မရှိ ရဲကစုံစမ်းစစ်ဆေးလျက်ရှိသည်။
အိမ်ဖြူတော်ပြူတင်းပေါက်မှန်များသည် ကျည်ကာမှန်ဖြစ်သဖြင့် ထိမှန်ပြီးပြုကျနေသောကျည်ဆံကို အင်္ဂါနေ့က ထောက်လှမ်းရေးများတွေ့ရှိခဲ့သည်။ နောက်ထပ်ကျည်ဆံတစ်ခု၏ နေရာအတိအကျကိုမူထုတ်ဖေါ်ပြောဆိုခြင်းမရှိဘဲ အိမ်ဖြူတော်အပြင်ဘက်နံရံဟူ၍သာ ဆိုသည်။
သောကြာနေ့ညက အိမ်ဖြူတော်တောင်ဘက် လမ်းပေါ်မှသေနတ်ပစ်ခတ်မှုတစ်ခုအကြောင်းထောက်လှမ်းရေးများ သတင်းရရှိခဲ့သည်။ သို့သော် တာဝန်ရှိသူများက အိမ်ဖြူတော်ကိုပစ်ခတ်လိမ့်မည်မဟုတ်ဟု ယူဆထားခဲ့ကြသည်။
ကားနှစ်စီးလည်း ထိုနေရာမှ အရှိန်ပြင်းပြင်းဖြင့်မောင်းနှင်ထွက်ခွါသွားကြောင်းသိရသည်။ ယင်းကားနှစ်စီးမှ တစ်စီးကို နောက်ပိုင်းတွင် အနီးအနား၌ပြန်လည်တွေ့ရှိခဲ့ပြီး ကားထဲ၌ ရိုင်ဖယ်တစ်လက်ကိုတွေ့ရှိရသည်။
ထို့နောက် နောက်ထပ်စွန့်ပစ်ကားတစ်စင်းကို ဗားဂျီးနီးယားသို့သွား ပိုတိုမက်မြစ်ကိုဖြတ်သော သီအိုဒိုရုစဗဲ့လ် တံတားအနီးတွင် သောကြာနေ့ညက တွေ့ရှိခဲ့သည်။
ဟာနန်ဒက်စ်ကို မိသားစုများက အောက်တိုဘာ ၃၁ ရက်နေ့တွင်ပျောက်ဆုံးသွားကြောင်း သတင်းပေးပို့ထားသည်။
ထို့နောက်ဗာဂျီးနီးယား၊ အာလင်တန်တွင် တစ်စုံတစ်ယောက်သည် နယ်မြေတွင်းမသင်္ကာဖွယ်သွားလာလျက်ရှိ ကြောင်း သတင်းပေးပို့ချက်ရသည်နှင့် သောကြာနေ့ညက ရဲကဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အာလင်တန်ရဲဌာန ရဲအရာရှိ ဂျိုးကန်တာက ပြောသည်။
Source: Al Jazeera




















12:23 PM
HRDP NEWS WORLD

Posted in:
0 comments:
Post a Comment