အသက် ၂၃ နှစ်ရှိ ရဲသင်တန်းသားတစ်ဦးကို ဖူချူရှိ ဘူဘိုင်ဂါဝါရာ ဘူတာတွင် စက်တင်ဘာ ၂၉ ရက်နေ့က အမျိုးသမီးတစ်ဦး၏ စကတ်အောက်ပိုင်းကို ဓါတ်ပုံရိုက်မှုနှင့် ဖမ်းဆီးလိုက်သည်။ သူသည် ဆဲလ်ဖုန်းတွင်ပါသော ကင်မရာနှင့် ဓါတ်ပုံရိုက်ယူခဲ့ခြင်းဖြစ်ပြီး ရဲလက်သို့မအပ်မီ ဘူတာရုံရဲများက ခေတ္တထိန်းသိမ်းထားခဲ့ကြောင်း ဆန်းကီး ရှင်ဘန်းသတင်းစာက ဖေါ်ပြခဲ့သည်။
အဆိုပါရဲသင်တန်းသားက အပြစ်ရှိကြောင်းဝန်ခံခဲ့ပြီး ဒဏ်တပ်ခံရမည်ဖြစ်သည်။ ယင်းနေ့၌ပင် ရဲသင်တန်းကျောင်းမှ နှုတ်ထွက်သွားခဲ့ကြောင်း သိရှိရသည်။
သူ့ကိုမေးမြန်းစဉ် စကတ်အောက်ပိုင်းကို ဓါတ်ပုံရိုက်ရသည်မှာ ပျော်စရာကောင်းကြောင်း၊ ယင်းအချိန်တွင် သူ့ကိုယ် သူ ထိန်းချုပ်နိုင်စွမ်းမရှိခဲ့ကြောင်း ဖြေဆိုခဲ့သည်ဟု ဆန်းကီးသတင်းစာက ဖေါ်ပြသည်။
0 comments:
Post a Comment