လူဦးရေနှင့် လူမှုဘဝလုံခြုံရေးသုတေသနဆိုင်ရာ အမျိုးသားအဖွဲ့ကြီးက ပြုစုသောစစ်တမ်းတစ်စောင်အရ အသက် ၁၈ နှစ်မှ ၃၄ နှစ်အကြားရှိ အမျိုးသား ၆၁.၄% တွင် ရည်းစားမရှိ၊ ယင်းအသက်အရွယ်ကြား အမျိုးသမီး ၄၉% တွင် လည်း ရည်းစားမရှိကြောင်း သိရသည်။
ယင်းသုတေသနအဖွဲ့ကြီးသည် ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဆိုင်ရာဝန်ကြီးဌာန လက်အောက်ခံဖြစ် ပြီး ငါးနှစ်တစ်ကြိမ် စစ်တမ်းပြုစုသည်။ ထို့ကြောင့် ၂၀၁၀ ခုနှစ်က ပြုစုခဲ့သော နောက်ဆုံးစစ်တမ်းကို ၎င်းတို့ပိုင် ဝက်ဘ်ဆိုက်ပေါ်တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
လက်မထပ်ရသေးသူ ၁၄,၀၀၀ ထံသို့ စစ်တမ်းမေးခွန်းများပေးကာ ဖြေဆိုစေပြီး လက်ထပ်ခြင်းနှင့် ပတ်သက်၍ ၎င်းတို့၏ အယူအဆများကိုလည်း ဖြေဆိုစေကာ စစ်တမ်းပြုစုခဲ့ခြင်းဖြစ်သည်။ အဘယ်ကြောင့်လက်မထပ်ဘဲနေရ သနည်းဟူသော မေးခွန်းကိုဖြေဆိုကြရာတွင် အမျိုးသမီးများရော၊ အမျိုးသားများပါ အများဆုံးတူညီသည့် အောက်ပါအဖြေများကို ပေးကြသည်။
“ဆန့်ကျင်ဘက်လိင်တစ်ယောက်နဲ့ ဘယ်လိုစပြီးအသိအကျွမ်းဖွဲ့ရမယ်ဆိုတာ မသိပါဘူး။”
“လွတ်လွတ်လပ်လပ်နေချင်လို့ပါ။”
“လက်ထပ်ဖို့အတွက် လုံလောက်တဲ့ငွေကြေးမရှိသေးလို့ပါ။”
သို့သော် ဖြေဆိုသူ အမျိုးသား၊ အမျိုးသမီး ၈၀% ကျော်က တစ်ချိန်ချိန်တွင် သင့်လျော်သော်ဖူးစာဖက်တွေ့လျင် လက်ထပ်မည်ဖြစ်ကြောင်း ဖြေဆိုခဲ့ကြလေသည်။




















7:27 PM
HRDP NEWS WORLD
Posted in:
0 comments:
Post a Comment