Monday, December 12, 2011
နယ်စပ်တွင် ခရစ္စမတ်သစ်ပင်မီးထွန်းမှု မြောက်ကိုရီးယားကန့်ကွက်
တောင်၊ မြောက်ကိုရီးယားနှစ်နိုင်ငံ တင်းမာနေသောနယ်စပ်တွင် တောင်ကိုရီးယားအစိုးရက ခရစ်ယာန်ဘာသာဝင် များအား ခရစ္စမတ်သစ်ပင်ပုံစံ မီးရှူးတိုင်သုံးခုစိုက်ထူခွင့်ပေးလိုက်ပြီး မြောက်ကိုရီးယား ပြုံယမ်းအစိုးရက ယင်းအပြု အမူကို ပြင်းထန်စွာကန့်ကွက်လေသည်။
တနင်္ဂနွေနေ့က မြောက်ကိုရီးယားအစိုးရပိုင် အူရီမင်ဇော်ကီရီဝက်ဘ်ဆိုက်တွင် စိတ်ဓါတ်စစ်ဆင်ရေးပြုလုပ်ခြင်းဖြစ် ကြောင်း စွပ်စွဲပြောဆိုခဲ့ပြီး ခရစ္စမတ်သစ်ပင်အား မီးထွန်းစိုက်ထူခြင်းအတွက် မမျှော်လင့်သောအကျိုးဆက်များ ခံစားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
နယ်စပ်တင်းမာမှုများဖြစ်ပွားပြီး ခုနှစ်နှစ်အကြာတွင် ပထမဦးဆုံးအကြိမ်အဖြစ် လွန်ခဲ့သောနှစ်က တောင်ကိုရီးယား ခရစ်ယာန်များကို အစိုးရက ခရစ္စမတ်သစ်ပင်ကြီးတစ်ပင်ပြုလုပ် မီးထွန်းခွင့်ပေးခဲ့သည်။ ယင်းသစ်ပင်ကိုပင် ယခုနှစ် တွင် မီးထွန်းဦးမည်ဖြစ်ပြီး နောက်ထပ်နှစ်ပင် ထပ်မံမီးထွန်းခွင့်ပေးလိုက်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိ သူတစ်ဦးကပြောသည်။
ယင်းသစ်ပင်များကို ဒီဇင်ဘာ ၂၃ ရက်နေ့အထိ ၁၅ ရက်ကြာမီးထွန်းညှိထားမည်ဖြစ်ပြီး နယ်စပ်တစ်လျှောက် အနောက်ဘက်တွင် တစ်ပင်၊ အလယ်တွင် တစ်ပင်နှင့် အရှေ့ဘက်တွင် တစ်ပင်ထားရှိမည်ဖြစ်သည်။
၂၀၀၄ ခုနှစ်တွင် နယ်စပ်ဖြတ်ကျော် ဝါဒဖြန့်ချိခြင်းမပြုလုပ်ရန် ကိုရီးယားနှစ်နိုင်ငံသဘောတူညီခဲ့ကြပြီး တောင်ကိုရီးယားကလည်း ခရစ္စမတ်အထိန်းအမှတ်မီးထွန်းခြင်းကို ရပ်ဆိုင်းခဲ့သည်။ သို့သော် သဘောတူညီချက် ပျက်ပြယ်သွားပြီးနောက် လွန်ခဲ့သောဒီဇင်ဘာလတွင် တောင်ကိုရီးယားက နယ်စပ်တွင် ခရစ္စမတ်မီးထွန်းခဲ့သည်။
၂၀၁၀ မတ်လအတွင်းက တောင်ကိုရီးယားစစ်သင်္ဘောကို မြောက်ကိုရီးယားကတော်ပီဒိုဖြင့် ပစ်ခတ်ခဲ့ပြီး တောင်ကိုရီးယားသင်္ဘောသား ၄၆ ဦးသေဆုံးခဲ့ရကြောင်း တောင်ကိုရီးယားကစွပ်စွဲခဲ့သည်။
ပြုံယမ်းက ယင်းစွပ်စွဲချက်ကို အကြောက်အကန်ငြင်းဆန်ခဲ့ပြီး ၂၀၁၀ နိုဝင်ဘာလတွင် နယ်စပ်အနီး အမြောက်ဖြင့် ပစ်ခတ်ခဲ့ရာ လေးဦးသေဆုံးပြီး စစ်ပွဲဖြစ်လုနီးနီးဖြစ်ခဲ့သည်။
တောင်ကိုရီးယားက နယ်စပ်တွင် ခရစ္စမတ်သစ်ပင်များမီးထွန်းပြပြီး မြောက်ကိုရီးယားပြည်သူများနှင့် စစ်သားများ ကြား ခရစ္စယာန်သာသနာပြန့်ပွားအောင် ရည်ရွယ်လုပ်ဆောင်နေသည်ဟု မြောက်ကစွပ်စွဲထားသည်။
လွန်ခဲ့သောနှစ်က ထွန်းညှိခဲ့သော သစ်ပင်တွင် မီးသီးငယ်များ ထောင်ပေါင်းများစွာတပ်ဆင်ထားပြီး မြောက်ကိုရီးယား မြို့ကြီးဖြစ်သော ကီးဆောင်ကပင် ယင်းသစ်ပင်မီးများကို လှမ်းမြင်ရကြောင်း သတင်းများက ဆိုသည်။
Source: Al Jazeera




















11:16 AM
HRDP NEWS WORLD

Posted in:
0 comments:
Post a Comment