Tuesday, December 6, 2011
ကဘူးလ်တွင် ဗုံးပေါက်ကွဲ
ရှီးအိုက်မွတ်စလင် ဘုရားကျောင်းတွင် ဗုံးပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့ရာ အက်ရှူရာပွဲတော်ကျင်းပနေသည့် လူနှစ်ရာ ခန့်ရှိပြီး ၅၈ ဦးသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်းအာဖဂန်ရဲနှင့် သတင်းများကဆိုသည်။
အင်္ဂနေ့က အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကူဘူးလ်ရှိ အဘူ-အူဖာဇီဘုရားကျောင်းတွင် အသေခံဗုံးခွဲသမားတစ်ဦးက ဖေါက်ခွဲခဲ့ရာ အနည်းဆုံး ၅၄ ဦးသေဆုံးခဲ့ပြီး အများစုမှာ ကလေးငယ်များဖြစ်ကြောင်း AFP သတင်းဌာနက ပြောသည်။
အယ်ဂျာဇီယာသတင်းထောက် ဂျနီဖါဂလပ်စီ အခင်းဖြစ်ပွားရာနေရာမှ သတင်းပေးပို့ခဲ့ရာတွင် သေဆုံးသူအရေ အတွက် မှန်ကန်ကြောင်း ရဲက အတည်ပြုပြီး ကျန်းမာရေးဝန်ကြီးဌာနကလည်း ဒဏ်ရာရသူ ၁၀၀ ကျော်ရှိကြောင်း သတင်းပေးပို့ခဲ့သည်။
အခင်းဖြစ်ပွားရာသို့ ဆေးရုံကားများရောက်ရှိလာပြီး ဒဏ်ရာရသူများကို သယ်ဆောင်သွားကြောင်း၊ ယခုကဲ့သို့ အထင်ကရဘာသာရေးနေ့ထူးနေ့မြတ်တွင် ဖြစ်ပွားခဲ့သည့်အတွက် အချို့ကရဲများကို အပြစ်ပြောဆိုနေကြကြောင်း သတင်းထောက်က သတင်းပေးပို့ခဲ့သည်။
“ရုတ်တရက်ပေါက်ကွဲမှုကြီးဖြစ်ပွားခဲ့တဲ့အတွက် လူတွေငိုယိုနေကြတာကို ကျွန်တော်ကြည့်နေမိပါတယ်။” ဟု မျက်မြင်သက်သေတစ်ဦးဖြစ်သူ အာမက်ဖေါ်ဝက်က ပြောသည်။
“ကျွန်တော့်ဘေးနားမှာတင် ဒဏ်ရရပြီး လဲကျသွားတဲ့လူတွေရှိတယ်။ ကျွန်တော်တော့ ဘာမှမဖြစ်ခဲ့ပါဘူး။ ကျွန်တော်လည်း ထွက်ပြေးပါတယ်။ ကြောက်စရာကောင်းပါတယ်ဗျာ။”
မြောက်ဘက်မြို့တော် မာဇာ-အီ ရှာရစ်မြို့ဗလီတစ်ခုအနီးတွင် စက်ဘီးဖြင့်သယ်ဆောင်လာပြီး ဗုံးဖေါက်ခွဲနောက် တစ်ခုကြောင့် လေးဦးသေဆုံးပြီး လေးဦးဒဏ်ရာရရှိခဲ့ကြောင်း ခရိုင်ရဲမင်းကြီးက ဆိုသည်။
ယင်းဖေါက်ခွဲမှုများသည် ရက်စက်သည့်လုပ်ရပ်များဖြစ်ကြောင်း တာလီဘန်တို့က ရှုံ့ချပြောဆိုခဲ့သည်။
“ကဘူးလ်နဲ့ မာဇာ-အီရှရစ် မြို့တွေမှာဗုံးပေါက်ကွဲကြောင်းကြားသိရတဲ့အတွက် ကျွန်တော်တို့ အလွန်ဝမ်း နည်းမိပါတယ်။ အစ္စလာမ်မဟုတ်တဲ့၊ လူမဆန်တဲ့ ရန်သူ့လူတွေက သတ်ဖြတ်ခြင်းဖြစ်ပါတယ်။” ဟု တာလီဘန် ပြောခွင့်ရ ဇာဘီဟူလာမူဂျာဟစ်က ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် ရေးသားဖေါ်ပြခဲ့သည်။
လွန်ခဲ့သောလများအတွင်းကတည်းက ကဘူးလ်တွင် တိုက်ခိုက်မှုများဖြစ်ပွားခဲ့သည်။ ယင်းတိုက်ခိုက်မှုများတွင် အမေရိကန်သံရုံး၊ ဟော်တယ်ကြီးတစ်ခုနှင့် ဗြိတိန်သံရုံးတို့အပါအဝင်ဖြစ်သည်။
ယခုပေါက်ကွဲမှုများသည် ရှီးအိုက်မွတ်စလင်များ၏ နေ့ထူးနေ့မြတ်ဖြစ်သော အက်ရှုရာနေ့အဖြစ်ကျင်းပသောနေ့ ဖြစ်ပြီး တမန်တော်မိုဟာမက်၏ မြေးဖြစ်သူ ဟူစိန်၏ သူရဲကောင်းအဖြစ်ကို အောက်မေ့တသသော နေ့ဖြစ်သည်။
Source: Al jazeera




















10:09 PM
HRDP NEWS WORLD

Posted in:
0 comments:
Post a Comment