Monday, December 19, 2011
ပါလက်စတိုင်းအကျဉ်းသား ဒုတိယအသုတ်လွှတ်
ဟားမားအဖွဲ့နှင့် သဘောတူညီထားချက်အရ အစ္စရေးလ်က ဒုတိယအသုတ်အနေနှင့် ပါလက်စတိုင်းအကျဉ်းသား ၅၅၀ ကို တနင်္ဂနွေနေ့ကထပ်မံလွှတ်ပေးလိုက်သည်။ လွတ်မြောက်လာသော အကျဉ်းသားအားလုံးနီးပါး အနောက်ဘက်ကမ်း နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာကြပြီး ပါလက်စတိုင်းထောင်ပေါင်းများစွာက ဝမ်းသာအားရကြိုဆိုလျက်ရှိသည်။
ဂါဇာကမ်းမြှောင်ဒေသကို အုပ်ချုပ်နေသော ဟားမားစ်အဖွဲ့နှင့် အစ္စရေးလ်သဘောတူညီမှုအရ အကျဉ်းသားများကို ပြန်လွှတ်ပေးလိုက်ခြင်းဖြစ်ပြီး တနင်္ဂနွေနေ့က ကြိုဆိုနေသော လူအုပ်ထဲတွင် အများစုက အနောက်ဘက်ကမ်းကို အုပ်ချုပ်နေသော ဟားမား၏ ပြိုင်ဘက်ဖာတာအဖွဲ့၏ အလံများကိုဝှေ့ယမ်းကာ ကြိုဆိုခဲ့ကြသည်။
အကျဉ်းသားများလွတ်မြောက်မလာမီ နာရီပိုင်းအလိုခန့်က ရာမာလာအနောက်တောင်ဘက် ဘိုင်တူနီယာတွင် လာရောက်စောင့်ဆိုင်းကြိုဆိုနေကြသော သူများနှင့် ဂိတ်ပေါက်စောင့် လုံခြုံရေးတပ်သားများကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့သေးသည်။
လုံခြုံရေးယူထားသော စစ်သားများကို ပါလက်စတိုင်းလူငယ်များက တွန်းထိုးခြင်း၊ ကျောက်တုံးများဖြင့်ပစ်ပေါက်ခြင်း တို့ကြောင့် စစ်သားများက မျက်ရည်ယိုဗုံးများ၊ အလင်းဗုံးများဖြင့် ပြန်လည်ပစ်ခတ်လူစုခွဲခဲ့ကြောင်း မျက်မြင်သက် သေများ၏ အဆိုအရသိရသည်။
၂၀၀၆ ခုနှစ်အတွင်းက ဂါဇာတိုက်ခိုက်ရေးသမားများဖမ်းဆီးထားသော အစ္စရေးလ်တပ်သား ဂါလက်ရှာလစ်နှင့် ပါလက်စတိုင်းအကျဉ်းသား ၁၀၂၇ ဦးလဲလှယ်ရေးအစီအစီကိုအီဂျစ်ကကြားဝင်စေ့စပ်ညှိနှိုင်းပေးခဲ့ခြင်းဖြစ်ပြီး အထမြောက်အောင်မြင်သွားခဲ့ပြီဖြစ်သည်။ ပထမအသုတ်အနေနှင့် အစ္စရေးလ်မှ ပါလက်စတိုင်းအကျဉ်းသား ၄၇၇ ယောက်ကို လွှတ်ပေးလိုက်ပြီးနောက် အောက်တိုဘာ ၁၈ ရက်နေ့က ဂါလက်ရှာလစ်ကို ပြန်လည်လွှတ်ပေးလိုက် ပြီးဖြစ်သည်။
အယ်ဂျာဇီယာသတင်းထောက် ကော်လ်ပယ်ရီက ရာမာလာမြို့မှသတင်းပေးပို့ခဲ့ရာတွင် လာရောက်စောင့်ဆိုင်းနေသူ ထောင်ပေါင်းများစွာရှိပြီး ယခင်အသုတ်လွှတ်လိုက်သော လူများနှင့် မတူကြောင်း ဆိုသည်။
“ ပထမအသုတ်လွှတ်လိုက်တုန်းက အတော်ကို ခက်ခက်ခဲခဲညှိနှိုင်းပြီးတော့မှ လွှတ်လိုက်ရတာဖြစ်ပြီးတော့ အစ္စရေးလ်ဘက်က လူရွေးပြီးတော့မှ လွှတ်လိုက်တာပါ။”
Source: Al Jazeera




















12:54 PM
HRDP NEWS WORLD
Posted in:
0 comments:
Post a Comment