Tuesday, January 17, 2012
အစ္စရေးလ် စတော့ဈေးကွက် ဝက်ဘ်ဆိုက် တိုက်ခိုက်ခံရ
အစ္စရေးလ်နိုင်ငံပိုင်လေကြောင်းလိုင်း EI AI နှင့် တဲလ်အဗစ်စတော့ဈေးကွက်(TASE) ဝက်ဘ်ဆိုက်များကို ဟက်ကာ တစ်ဦးက တိုက်ခိုက်ခဲ့သည်။
တနင်္လာနေ့အစောပိုင်းက ဝက်ဘ်ဆိုက်နှစ်ခုစလုံး ပျက်နေပြီး “ပြင်ဆင်နေသည်” ဟူသော အသိပေးစာတမ်းကိုသာ တွေ့ကြရသည်။ ထို့နောက် နေ့လည်ပိုင်းတွင် EI AI ဆိုက်ပြန်လည်ကောင်းမွန်လာပြီး TASE ကိုကြည့်ရှု၍မရသေး ပေ။ ဘဏ်အသေးစားနှစ်ခု၏ ဝက်ဘ်ဆိုက်များလည်း တိုက်ခိုက်ခံခဲ့ရကြောင်း သတင်းများက ဖေါ်ပြသည်။
လွန်ခဲ့သော နှစ်ပတ်မှစ၍ ဆက်တိုက် တိုက်ခိုက်လာခဲ့ရာ အစ္စရေးလ်အကြွေးဝယ်ကဒ်ထောင်ပေါင်းများစွာ၏ အသေးစိတ်အချက်အလက်များကိုဖေါ်ပြထားခြင်း၊ ဝက်ဘ်ဆိုက်စာမျက်နှာများကို ဖျက်ဆီးထားခြင်းများ ရှိခဲ့ပြီး ဆော်ဒီအာရေးဗျ သို့မဟုတ် ဂါဇာမှ ဟက်ကာများဖြစ်ကြောင်း ဆိုသည်။
စတော့ဈေးကွက်ပြောေ၇းဆိုခွင့်သူအမျိုးသမီးတစ်ဦးက ဝက်ဘက်ဆိုက်ကို တိုက်ခိုက်ခံခဲ့ရကြောင်း ဝန်ခံပြောကြား ခဲ့ပြီး ကုန်သွယ်ရေးဆိုင်ရာစံနစ်များကိုမူ ထိခိုက်မှုမရှိကြောင်း ဆိုသည်။
“ဒီနေ့မနက်က စပြီးတော့ TASE ဝက်ဘ်ဆိုက်ကို တိုက်ခိုက်နေပါတယ်။” ဟု အီဒစ်ယာရွန်းက အေဖက်ပီ သတင်းသို့ပြောကြားခဲ့ပြီး DDOS ဖြင့်တိုက်ခိုက်နေသည်ဟု ယူဆရကြောင်းဆိုသည်။
ဝက်ဘ်ဆိုက်သည် နာရီပေါင်းများစွာပျက်နေခဲ့ပြီး ဆော်ဒီအာရေးဗျမှ "0xOmar” ဆိုသူ ဟက်ကာက သူ့လက်ချက် ဖြစ်ကြောင်းနှင့် ဆိုက်နှစ်ခုလုံးကို ပစ်မှတ်ထားတိုက်ခိုက်သွားမည်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့ကြောင်း အစ္စရေးလ်သတင်းတွင် ဖေါ်ပြခဲ့သည်။
ယင်းတိုက်ခိုက်မှုကို ဂါဇာ၏ ဟားမားအဖွဲ့မှ ပြောခွင့်ရ ဆာမီအဘူဇူရီက အားပေးခဲ့ပြီး “အစ္စရေးလ် ရဲ့ကျူးကျော်မှု ကို ခုခံတွန်းလှန်လိုတဲ့ အာရပ်အစ္စလာမ်လူငယ်တွေရဲ့ ဖန်တီးမှုဖြစ်ပါတယ်။” ဟု ဆိုသည်။
“အာရပ်ဟက်ကာတွေရဲ့လုပ်ရပ်ကို ဟားမားက ထောက်ခံပါတယ်။ ပြီးတော့ အစ္စရေးလ်ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် အင်တာနက်ဆိုက်ဘာတိုက်ပွဲနဲ့လက်တုံ့ပြန်ဖို့ အာရပ်လူငယ်တွေကို တောင်းဆိုပါတယ်။”
ဟီဘရူးတက္ကသိုလ်မှ ကွန်ပျူတာသိပ္ပံပညာရှင် ဒန်နီဒိုလက်ဗ်က တနင်္လာနေ့တိုက်ခိုက်မှုကြောင့် အကြီးအကျယ်ထိ ခိုက်ပျက်စီးမှုမရှိကြောင်း ဆိုသည်။
Source: Al Jazeera




















10:43 AM
HRDP NEWS WORLD

Posted in:
0 comments:
Post a Comment