Tuesday, January 24, 2012
အာရပ်အဖွဲ့ချုပ်ဆုံးဖြတ်ချက်ကို ဆီးရီးယားပယ်ချ
ဆီးရီးယားတွင် ရွေးကောက်ပွဲစောကျင်းပပြီး သမ္မတအာဆက်အား အာဏာလက်လွှတ်ရန်၊ အမျိုးသားညီညွတ်ရေး အစိုးရတစ်ရပ်ဖွဲ့စည်းရန် အာရပ်အဖွဲ့ချုပ်မှ ဆုံးဖြတ်ချက်ကို ဆီးရီးယားက ပြစ်တင်ရှုံ့ချလိုက်သည်။
တနင်္ဂနွေနေ့က ထုတ်ပြန်ခဲ့သော အာရပ်အဖွဲ့ချုပ်၏ ဆုံးဖြတ်ချက်ကို တနင်္လာနေ့အစောပိုင်းတွင် ဆီးရီးယားရုပ်သံက ဆီးရီးယားပြည်သူများ၏ ဆန္ဒနှင့်ဆန့်ကျင်ပြီး နိုင်ငံတော်အချုပ်အခြာအာဏာကို ထိပါးနှောက်ယှက်ခြင်းဖြစ်ကြောင်း အမည်မဖေါ်သော အစိုးရအရာရှိတစ်ဦးက ပြောဆိုသွားသည်ဟု ကြေငြာခဲ့သည်။ ထို့ပြင်ဆီးရီးယားပြည်သူများအား ဆန့်ကျင်တိုက်ခိုက်သော ပူးပေါင်းကြံစည်မှုတစ်ရပ်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ဆီးရီးယားဒုတိယသမ္မတထံသို့ အာဏာလွှဲပြောင်းပေးပြီး ရွေးကောက်ပွဲအတွက် အမျိုးသားညီညွတ်ရေးအစိုးရတစ် ရပ်ဖွဲ့စည်းရန် အာရပ်အဖွဲ့ချုပ်က တောင်းဆိုလိုက်သည်။
“ ပြင်ပကနေပြီးတော့ ချမှတ်တဲ့ဆုံးဖြတ်ချက်တွေကို ဆီးရီးယားကလက်မခံနိုင်ပါဘူး။ ဒါဟာ အမျိုးသား အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို ထိပါးတာဖြစ်ပြီး ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်တဲ့ကိစ္စတွေဖြစ်ပါတယ်။” ဟု ဆီးရီးယားရုပ်သံက ပြောကြားသွားခဲ့သည်။
အာရပ်အဖွဲ့ချုပ်ဝင်ကိုယ်စားလှယ် ၂၂ ဦးပါဝင်သော တနင်္ဂနွေနေ့ ကိုင်ရိုအစည်းအဝေးပြီးနောက် ကာတာဝန်ကြီးချုပ် ရှိတ်ဟာမက် ဘင်ဂျက်ဆမ်အယ်လ်သနီက အထက်ပါအတိုင်း ဆီးရီးယားတွင်ဆောင်ရွက်ရန်တောင်းဆိုခဲ့ခြင်းဖြစ် သည်။
Source: Al Jazeera




















10:47 AM
HRDP NEWS WORLD
Posted in:
0 comments:
Post a Comment