Friday, March 9, 2012
နိုင်ဂျီးရီးယားတွင် ပြန်ပေးဆွဲခံရသော အနောက်တိုင်းသားနှစ်ဦး အသတ်ခံရ
နိုင်ဂျီးရီးယားတွင် ပြန်ပေးဆွဲခံရသော ဗြိတိန်နိုင်ငံသားတစ်ဦးနှင့် အီတလီနိုင်ငံသားတစ်ဦးတို့ကို သွားရောက်ကယ် တင်မှု မအောင်မြင်ခဲ့ဘဲ အသတ်ခံလိုက်ရပြီဖြစ်ကြောင်း အာဏာပိုင်များက အသိပေးပြောကြားခဲ့သည်။
ပြန်ပေးဆွဲသူများကို ဖမ်းဆီးထားပြီးဖြစ်ကြောင်း ကြာသပတေးနေ့က နိုင်ဂျီးရီးယားသမ္မတ ဂွတ်လပ်ဂျွန်နသန်က ပြောကြားခဲ့သည်။ ပြန်ပေးဆွဲတရားခံများမှာ အစွန်းရောက်အစ္စလာမ် ဘိုကိုဟာရမ်အဖွဲ့မှ ဖြစ်ကြောင်းဆိုသည်။
ပူးပေါင်းကယ်ဆယ်ရေးတပ်ဖွဲ့များမှ သွားရောက်ကယ်ဆယ်မှု မအောင်မမြင်ဖြစ်ခဲ့ရကြောင်း၊ ပြန်ပေးဆွဲခံနိုင်ငံခြား သားများအား သတ်ဖြတ်မှုအပေါ် သမ္မတဂျွန်နသန်က ပြင်းထန်စွာရှုံ့ချကြောင်း သမ္မတရုံးမှ ထုတ်ပြန်သော ကြေငြာ ချက်တွင် ဖေါ်ပြထားသည်။
အသတ်ခံရသူများမှာ ဗြိတိန်နိုင်ငံသား ခရစ္စမက်မန်နပ်စ်နှင့် အီတလီနိုင်ငံသား ဖရန်ကိုလာမိုလင်နာရာ တို့ဖြစ်ကြပြီး လွန်ခဲ့သောလက နိုင်ဂျီးရီးယားအနောက်မြောက်ဘက် ဘာနင်ကက်ဘီမြို့တွင် ပြန်ပေးဆွဲခံရခြင်းဖြစ်သည်။ သူတို့နှစ်ဦးသည် ဘဏ်ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် အလုပ်လုပ်နေသူများဖြစ်ကြသည်။
သူတို့ကို ဖမ်းဆီးထားသည့် နေရာအား သတင်းအတိအကျရရှိပြီးနောက် နိုင်ဂျီးရီးယားနှင့် ဗြိတိန်ပူးတွဲကယ်ဆယ်ရေး တပ်ဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းက ဆိုသည်။
သို့သော် ကယ်ဆယ်ရေးအဖွဲ့များ မရောက်မီပင် သူတို့နှစ်ဦး အသတ်ခံလိုက်ရသည်။
`ကျွန်တော်တို့ နောက်ထပ်အသေးစိတ်သတင်းအချက်အလက်တွေကို စောင့်နေပါတယ်။ ဒါပေမယ့် ရရှိထားတဲ့ သတင်းအချက်အလက်တွေအရဆိုရင်တော့ ကယ်ဆယ်ရေးတပ်ဖွဲ့တွေ မရောက်ခင်မှာပဲ နှစ်ယောက်စလုံးပဲ အသတ်ခံလိုက်ရပါပြီ။´ ဟု ကင်မရွန်းကဆိုသည်။
Source: Al Jazeera




















10:13 AM
HRDP NEWS WORLD
Posted in:
0 comments:
Post a Comment