Sunday, March 25, 2012
နျူးကလီးယားအရေး ဆိုးလ်မြို့တွင် ထိပ်သီးစည်းဝေးပွဲကျင်းပ
တောင်နှင့် မြောက်ကိုရီးယားနယ်စပ်အခြေအနေကို လေ့လာကြည့်ရှုရန်နှင့် နျူကလီးယားလက်နက် မပြန့်ပွားရေး အတွက် အလုပ်လုပ်နိုင်ရန် တောင်ကိုရီးယား ဆိုးလ်မြို့သို့ အမေရိကန်သမ္မတအိုဘားမား သွားရောက်ခဲ့သည်။
တနင်္ဂနွေနေ့မနက်ပိုင်း ဆိုးလ်မြို့တွင်ကျင်းပမည့်အစည်းအဝေးပွဲမတိုင်မီ တောင်၊ မြောက်နယ်စပ် အပစ်ရပ်ဇုံသို့ သွားရောက်ခဲ့သည်။
တောင်-မြောက်ကိုရီးယားစစ်ပွဲရပ်ဆိုင်းထားသည်မှာ နှစ်ခြောက်ဆယ်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း နယ်စပ်နှစ်ဘက် စလုံးတွင် စစ်တပ်များထောင်သောင်းချီ အဆင်သင့်ချထားပြီး ကြားခံနယ်မြေအတွင်း မိုင်းများဖြင့်ပြည့်နေပြီး သံဆူးကြိုးများဖြင့်ကာရံထားလေသည်။
နယ်စပ်သို့အိုဘားမားလာရောက်ခြင်းမှာ အမေရိကန်နှင့် တောင်ကိုရီးယားစစ်သည်တော်များအား ကျေးဇူးတင် စကားပြောကြားရန်နှင့် အမေရိကန်အနေနှင့် ကိုရီးယားကျွန်းဆွယ် ဒီမိုကရေစီစံနစ်အတွက် ရှေ့တန်းမှ မားမားမတ်မတ်ရပ်တည်လျက်ရှိ ကြောင်း ပြသလို၍ဖြစ်ကြောင်း သမ္မတ၏ အဖွဲ့ဝင်များက ပြောသည်။
တောင်ကိုရီးယားတွင် အမေရိကန်စစ်သားဦးရေ ၂၈,၀၀၀ ချထားပေးသည်။
မြောက်ကိုရီးယားက လာမည့်လအတွင်း တာဝေးပစ်ဒုံးကျည်တစ်စင်း စမ်းသပ်ပစ်လွှတ်ရန် အစီအစဉ်ရှိနေသည်။ ယင်းကို အမေရိကန်နှင့် အခြားအင်အားကြီးနိုင်ငံများက ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ကို ချိုးဖေါက်ခြင်းဖြစ်ကြောင်း ပြောဆို ကန့်ကွက်ကြသည်။
မြောက်ကိုရီးယားက ဤစမ်းသပ်ပစ်လွှတ်မှုကို ဆက်လက်အကောင်အထည်ဖေါ်မည်ဆိုလျှင် အမေရိကန်မှ ပေးရန် သဘောတူညီထားသော စားနပ်ရိက္ခာအကူအညီများအတွက် ပြန်လည်စဉ်းစားရမည်ဖြစ်ကြောင်း အမေရိကန်က သတိပေးပြောကြားလိုက်သည်။
ဆိုးလ်မြို့ဆွေးနွေးပွဲသို့ အခြားကမ္ဘာ့အင်အာကြီးနိုင်ငံခေါင်းဆောင်များလည်းတက်ရောက်ကြပြီး ရည်ရွယ်ချက်မှာ နျူကလီးယားလက်နက်ပြန့်ပွားမှုထိန်းချုပ်ရေးနှင့် အကြမ်းဖက်မသမာသူများလက်တွင်း နျူကလီးယားလက်နက် ကျရောက်မသွားရေး ကာကွယ်ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးကြမည်ဖြစ်သည်။
အဆိုပါဆွေးနွေးပွဲသို့ မြောက်ကိုရီးယားက တက်ရောက်လာခြင်းမရှိပေ။ ထို့ကြောင့် ၀ါရှင်တန်က မြောက်ကိုရီးယား ကို `သင်းကွဲ´ ဟု အမည်ပေးထားသည်။
ဆွေးနွေးပွဲသို့ နျူကလီးယားက်နက်ပိုင်ဆိုင်သောနိုင်ငံများ၊ အရပ်ဘက်နျူကလီးယားစက်ရုံပိုင်ရှင်နိုင်ငံများနှင့် ပိုင်ဆိုင် ရန် ကြိုးပမ်းနေသူများပါဝင်ကြသည်။ နျူကလီးယားလက်နက် မပိုင်ဆိုင်သောနိုင်ငံအများအပြားနှင့် အခြားနိုင်ငံ တကာအဖွဲ့အစည်းများ ၊ ကုလသမဂ္ဂ၊ IAEA စသည့်တို့လည်းတက်ရောက်ကြသည်။
နျူကလီးယားလက်နက်ပိုင်ဆိုင်ကြောင်းအတိအလင်းထုတ်ဖေါ်ထားသောနိုင်ငံများ သို့မဟုတ် ထုတ်ဖေါ်ပြောကြားခြင်း မပြုသော်လည်း ပိုင်ဆိုင်နေသည်ဟု ယူဆရသောနိုင်ငံများမှာ အမေရိကန်၊ ရုရှ၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ်၊ အစ္စရေးလ်၊ အိန္ဒိယ၊ ပါကစ္စတန်နှင့် မြောက်ကိုရီးယားတို့ဖြစ်ကြသည်။
Source: Al Jazeera
0 comments:
Post a Comment