Friday, March 30, 2012
စပိန်တွင် အထွေထွေသပိတ်ဆင်နွှဲ
အလုပ်သမားဥပဒေပြုပြင်ပြောင်းလဲမှုများအတွက် မကျေမနပ်ဖြစ်နေကြသော စပိန်အလုပ်သမားများက အထွေထွေ သပိတ်တစ်ခု မရပ်တန်းပြုလုပ်သွားမည်ဖြစ်ကြောင်း ကြာသပတေးနေ့က ကြေငြာခဲ့ပြီး စက်ရုံများ၊ ဆိပ်ကမ်းများ ရပ်ဆိုင်းသွားခဲ့ပြီး လမ်းမပေါ်ဆန္ဒပြမှုများအတွင်း အကြမ်းဖက်မှုများဖြစ်ပွားခဲ့သည်။
အလုပ်သမားဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ၊ အသုံးစားရိတ်လျှော့ချမှုများအတွက် မကျေမနပ်ဖြစ်ကာ မက်ဒရစ် မြို့လယ် ရင်ပြင်တွင် အလုပ်သမားများ သောင်းနှင့်ချီဆန္ဒပြခဲ့ကြပြီး ဘာဆီလိုနာမြို့တွင်လည်း ဆန္ဒပြအလုပ်သမား များက အမှိုက်ပုံးများကို မီးရှို့ခြင်း၊ ရဲများက ရာဘာကျည်ဆန်များဖြင့် ပစ်ခတ်လူစုခွဲခြင်းကြောင့် အဓိကရုဏ်းများ ဖြစ်ပွားခဲ့လေသည်။
ပြုပြင်ပြောင်းလဲမှုများ၊ အသုံးစားရိတ်လျှော့ချမှုများကို စီးပွားရေးအကြပ်အတည်းမှ လွတ်မြောက်အောင် လုပ်ဆောင် ရခြင်းဖြစ်ကြောင်း အာဏာရကွန်ဆာဗေးတစ်ပါတီ အစိုးရက ပြောကြားခဲ့ပြီး ကြာသပတေးနေ့ ဆန္ဒပြပွဲများကို ကုန်သွယ်သမဂ္ဂများမှ ဦးဆောင်စည်းရုံးပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ယခုအချိန်အထိ ဆန္ဒပြမှုနှင့် ပတ်သက်၍ ၅၈ ဦးဖမ်းဆီး ထားသည်။
`ပြုပြင်ပြောင်းလဲမှုကို လက်မခံနိုင်လို့ အခုလိုဆန္ဒပြတုံ့ပြန်ခြင်းဖြစ်ပါတယ်။` ဟု CCOO အမည်ရှိ ကုန်သွယ်သမဂ္ဂတစ်ခု၏ ခေါင်းဆောင်ဖြစ်သူ အဂ္ဂနာဆီယိုဖာနန်ဒက်တိုဇိုက ပြောသည်။
ဝန်ကြီးချုပ် မာရီယာနိုရာဂျွိုင်း အာဏာရရှိပြီးနောက် ပထမဦးဆုံးအကြိမ်အဖြစ်အစိုးရနှင့် လူထုကြားသဘောထား ကွဲပြားမှုဖြစ်သည်။ မာရီယာနို မဲဆွယ်စဉ်က စပိန်အလုပ်လက်မဲ့ ၂၃ ရာခိုင်နှုန်းလျှော့ချပေးပြီး စီးပွားရေးတည်ငြိမ် အောင်ဆောင်ရွက်မည်ဟု ကတိပေးခဲ့သည်။
အယ်ဂျာဇီယာသတင်းထောက် ဘာနဘီဖစ်လစ် မက်ဒရစ်မြို့တော်မှသတင်းပေးပို့ခဲ့ရာတွင် စပိန်တွင် ကုန်သွယ်ရေး သမဂ္ဂများ၏ အခန်းကဏ္ဍမှေးမှိန်နေပြီဟု လူအများက ပြောဆိုနေကြသော်လည်း ယခုအခါ နိုင်ငံအနှံ့ပို့ဆောင်ဆက် သွယ်ရေး၊ စီးပွားရေးနှင့် စက်ရုံများအများအပြား ၎င်းတို့စည်းရုံးမှုဖြင့် ဆန္ဒပြသပိတ်မှောက်ကြသဖြင့်ပိတ်ထားရ ကြောင်း ဆိုသည်။
ပြုပြင်ပြောင်းလဲထားသော ဥပဒေသစ်တွင် အလုပ်ရှင်များက အလုပ်သမားများကို အလွယ်တကူအလုပ်ထုတ်ပစ်နိုင် လေသည်။ သို့သော်အစိုးရက ဤဥပဒေသည် ရေရှည်တွင် အလုပ်လက်မဲ့နှုန်းကိုလျှော့ချပေးနိုင်လိမ့်မည်ဟု ဆိုသည်။
Source: Al Jazeera




















12:32 PM
HRDP NEWS WORLD

Posted in:
0 comments:
Post a Comment