Sunday, March 25, 2012
ကနေဒါတွင် ပင်လယ်ဖျံအမဲလိုက်ခွင့် ပြန်လည်တောင်းဆို (ဗွီဒီယိုသတင်း)
ကနေဒါနိုင်ငံ အရှေ့ဘက်ကမ်းခြေ နိုဘာစကိုရှားတွင် ပင်လယ်ဖျံဦးရေတိုးပွားလာပြီး ၎င်းတို့စားသောက်ပစ်ခြင်း ကြောင့် ငါးများရှားပါးသွားကာ ငါးဖမ်းလုပ်ငန်းများထိခိုက်လျက်ရှိကြောင်း ဒေသတွင်းငါးလုပ်ငန်းလုပ်ကိုင်သူများက ပြောဆိုလျက်ရှိသည်။ ငါးဖမ်းလုပ်ငန်းတွင် အလုပ်အကိုင် ၃၀,၀၀၀ ခန့်ဆုံးရှုံးခဲ့ကြောင်းဆိုသည်။
တစ်ချိန်က ၎င်းတို့၏ သားမွေး၊ အဆီနှင့် အသားတို့အတွက် အမဲလိုက်သတ်ဖြတ်ခြင်းကြောင့် မျိုးတုန်းပျောက်ကွယ် လုနီးပါးဖြစ်ခဲ့ရသောပင်လယ်ဖျံများအား အမဲလိုက်ခြင်းပိတ်ပင်တားဆီးခဲ့သည့်အတွက် ယခုအခါ ပြန်လည်မျိုးပွားလာ ပြီး အကောင်ရေ ၃၀၀,၀၀၀ အထိတိုးပွားလာခဲ့သည်။
သို့သော် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် သုတေသီများက ပင်လယ်ဖျံအမဲလိုက်ခြင်းကို မလိုလားကြပေ။
ထို့ကြောင့် ပင်လယ်ဖျံဖမ်းဆီးခွင့် ပြန်လည်ရရှိရေးအတွက် တောင်းဆိုနေကြပြီး တံငါသည်များ၊ သိပ္ပံပညာရှင်များနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးပညာရှင်များ ယင်းကိစ္စအတွက် အပြင်းအထန်ဆွေးနွေးနေကြသည်။
Source: Al Jazeera




















11:58 AM
HRDP NEWS WORLD
Posted in:
0 comments:
Post a Comment