Sunday, March 4, 2012
အမေရိကန်ပြည်ထောင်စုတွင် လေဆင်နှာမောင်းများတိုက်ခတ်
အမေရိကန်ပြည်ထောင်စု အလယ်ပိုင်းပြည်နယ်အများအပြားတွင် မုန်တိုင်းနှင့် လေဆင်နှာမောင်း အလုံး ၆၀ ကျော် ၀င်ရောက်တိုက်ခတ်မွှေနှောက်သွားခဲ့ရာ အနည်းဆုံး ၃၂ ဦးသေဆုံးခဲ့သည်။
သောကြာနေ့က တိုက်ခတ်ခဲ့မှုကြောင့် နေအိမ်များပြားချပ်သွားပြီး ကျောင်းများ၊ လုပ်ငန်းအဆောက်အဦးများ ပျက်စီး ကုန်သည်။ သစ်ပင်များ အမြစ်မှ ကျွတ်ထွက်ကုန်ပြီး ကားများ ပျက်စီးကုန်သည်။
လေဆင်နှာမောင်းများ တိုက်ခတ်မှုအပြီး အင်ဒီယားနားပြည်နယ်ရှိ မြို့ငယ်တစ်မြို့ လုံးဝပျက်စီးသွားပြီဖြစ်ကြောင်း သက်ဆိုင်ရာ ပြောသည်။
သောကြာနေ့ကညနေပိုင်းက ပြည်နယ် ၈ ခုမှ လေဆင်နှာမောင်း ၈၃ ခုအကြောင်း သတင်းရရှိခဲ့ပြီး တစ်ပတ်အတွင်း စုစုပေါင်း ၁၃၃ လုံးတိုက်ခတ်ခဲ့ကြောင်း အမျိုးသားမိုးဇလဌာနက ပြောသည်။
အလွန်ပြင်းထန်သော လေဆင်နှာမောင်းများကို ဌာနကစောင့်ကြည့်လေ့လာလျက်ရှိပြီး ပြည်နယ်လေးခုတွင် စနေနေ့ အထိဆက်လက်တိုက်ခတ်နိုင်ကြောင်း ထုတ်ပြန်ခဲ့သည်။
`ဖျက်အားပြင်းလေဆင်းနှာမောင်းတွေ၊ ၆.၅ စင်တီမီတာလောက်အထိရှိတဲ့ မိုးသီးတွေ၊ တစ်နာရီ ၁၁၂ ကီလိုမီတာတိုက်ခတ်လာတဲ့ လေနဲ့အတူ မိုးကြိုးမုန်တိုင်းတွေ ဖြစ်ပေါ်နိုင်ပါတယ်။´ ဟု ဆိုသည်။
လေဆင်နှာမောင်းများ၏ ဒဏ်ကို အမေရိကန်လူဦးရေ၏ ဆယ်ပုံတစ်ပုံခန့်ခံစားခဲ့ရကြောင်း မိုးဇလဌာနကဆိုသည်။
နောက်ဆုံးတိုက်ခတ်သွားသော မုန်တိုင်းကြောင့် ၁၃ ဦးသေဆုံးခဲ့ရကြောင်း အင်ဒီယားနားပြည်နယ် အာဏာပိုင်များကပြောသည်။
Source: Al Jazeera
0 comments:
Post a Comment