Tuesday, May 22, 2012
မျက်မမြင်များအတွက် မျက်မြင်ကိရိယာ (ဗွီဒီယိုသတင်း)
သြစတြေးလျ နည်းပညာရှင်များသည် မျက်မမြင်များအတွက် အထောက်အကူပြုနိုင်မည့် နည်းပညာတစ် ရပ်ကို တီထွင်နိုင်ပြီဖြစ်သည်။
မဲလ်ဘုန်းမြို့အခြေစိုက် နည်းပညာရှင်များတီထွင်လိုက်သော အဆိုပါကိရိယာမှာ လူတစ်ယောက်၏ ပကတိမျက်လုံးဖြင့် မြင်ရသကဲ့သို့ မြင်ကွင်းများကို မမြင်နိုင်သော်လည်း အီလက်ထရွန်နည်းစံနစ်ဖြင့် မျက်မမြင်တစ်ဦး၏ ဦးနှောက်တွင်းသို့ ပုံရိပ်များကိုပို့လွှတ်ပေးပြီး ခံစားနိုင်အောင် ဖန်တီးထားလေသည်။
ကိရိယာတွင် တပ်ဆင်ထားသောကင်မရာမှ တစ်ဆင့် ပုံရိပ်များကို ဦးနှောက်တွင်းရှိနျူရွန်များထံသို့ ပို့ဆောင်ပေးပြီး အီလက်ထရုတ်များ မှတစ်ဆင့် ပုံရိပ်ကို အစက်များအသွင်ဖြင့်ဖေါ်ဆောင်ပေးသည်။
အလုံးစုံမမြင်ရခြင်းနှင့် နှိုင်းယှဉ်လျင် အလွန်ကောင်းမွန်ပြီး မျက်မမြင်များအတွက် အမြင်အာရုံပေးနိုင်ရန် ပထမဆုံးခြေလှမ်းတီထွင်မှု ဖြစ်ကြောင်း ဆိုသည်။
Source: Al Jazeera




















10:05 AM
HRDP NEWS WORLD
Posted in:
0 comments:
Post a Comment