Saturday, May 26, 2012
ဆီးရီးယားကို ဘန်ကီမွန် အပြစ်တင်
ဆီးရီးယား အရေးအခင်း ၁၅ လတာအချိန်ကြာမြင့်ခဲ့ပြီးဖြစ်ပြီး နေ့စဉ်နှင့် အမျှ အကြမ်းဖက်မှုများ၊ နှိပ်စက် ညှင်းပန်းမှုများဖြစ်ပေါ်နေသဖြင့် လက်ခံနိုင်ဖွယ်မရှိကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး ဘန်ကီမွန်က ပြောကြားလိုက်ပြီး အာဆက်အစိုးရကို ပြစ်တင်ပြောဆိုခဲ့သည်။
အစိုးရစစ်တပ်များနှင့် အစိုးရဘက်တော်သား လက်နက်ကိုင်အဖွဲ့များက ဖိနှိပ်ဖြိုခွင်းမှုများ အရှိန်မြှင့်လုပ် ဆောင်နေသဖြင့် လူ့အခွင့်အရေးများ အကြီးအကျယ်ချိုးဖေါက်လျက်ရှိပြီး လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ တင်ပြသော အစီရင်ခံစာတစ်စောင် တွင် ရေးသားဖေါ်ပြထားလေသည်။
ကုလသမဂ္ဂနှင့် အာရပ်အဖွဲ့ချုပ်တို့မှ ကျောထောက်နောက်ခံပြုပြီး ကိုဖီအာနန်ကို ငြိမ်းချမ်းရေးကိုယ်စား လှယ်အဖြစ် စေလွှတ်ကာ သဘောတူညီချက်ရရှိခဲ့သော အချက် ၆ ချက် အပေါ် ဆီးရီးယားက လိုက်နာမှု အားနည်းခဲ့သဖြင့် အောင်မြင်မှုအနည်းငယ်သာရရှိခဲ့ကြောင်း ဘန်ကီမွန်က ဆိုသည်။ ဘန်ကီမွန်သည် ဗုဒ္ဓဟူးနေ့တွင် ကုလလုံခြုံရေးကောင်စီ၌ မိန့်ခွန်းပြောကြားမည်ဖြစ်သည်။
ဆီးရီးယားအစိုးရအနေနှင့် လိုက်နာရန် သဘောတူညီထားသော အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ လက်နက်ကြီးများနှင့် စစ်တပ်များ လူနေထူထပ်သော နေရာများတွင်ချထားခြင်းမှ ပြန်လည်ရုပ်သိမ်းရန်၊ လူသားချင်းစာနာထောက်ထား အကူအညီပေးရေးအဖွဲ့များအား ဝင်ခွင့်ပြုရန်နှင့် လူ့အခွင့်အရေးချိုးဖေါက်မှု များ ရပ်တန့်ရန် ဘန်ကီမွန်က တောင်းဆိုလိုက်သည်။
အတိုက်အခံလက်နက်ကိုင်များကလည်း လူ့အခွင့်အရေးချိုးဖေါက်ခြင်းများမပြုရန်နှင့် အကြမ်းဖက်မှုများရပ် တန့်ကြရန် ဘန်က တောင်းဆိုသည်။
လုံခြုံရေးကောင်စီမှ စေလွှတ်ထားသော ကုလစစ်ဘက်ဆိုင်ရာလေ့လာစစ်ဆေးရေးမှူး ၂၇၁ ယောက်သည် ၁၅ လကြာ အကြမ်းဖက်မှုများ အဆုံးသတ်ရေးအတွက် ကူညီနိုင်ရန်ဖြစ်ကြောင်း ဘန်က ပြောသည်။
အကြမ်းဖက်မှုများ အများအပြားဖြစ်ပွားနေသည်ဟု သတင်းရရှိသော အဓိကမြို့များတွင် ၎င်းတို့ကို စေလွှတ်ထားလေသည်။
သို့သော် အခြေအနေအဖက်ဖက်မှ ဖြစ်ပွားနေသော အကြမ်းဖက်မှုနှုန်းထားများမှာ မြင့်မားနေဆဲပင်ဖြစ် သည်။ ဧပြီလ ၁၂ နေ့မှ စ၍အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကြောင့် အကြမ်းဖက်မှုများ အနည်းငယ်လျော့ကျသွားသော်လည်း သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုနှုန်းထားများမှာမူ မြင့်တက်နေဆဲဖြစ် သည်။
`ဆီးရီးယားအကြမ်းဖက်မှုတွေ ရပ်ဆိုင်းရေးအတွက် နိုင်ငံတကာကကြိုးပမ်းနေကြပေမယ့် လက်ခံနိုင်စရာမရှိတဲ့ အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖေါက်မှုတွေနဲ့ အချက် ၆ ချက်ပါ သဘောတူ ညီချက်ကို ဆီးရီးယားက ဆက်လက်ချိုးဖေါက်နေပါတယ်။`
ကုလစေလွှတ် လေ့လာရေးကိုယ်စားလှယ်အဖွဲ့အား ခြိမ်းခြောက်ခြင်း၊ သွားလာမည့်နေရာများကို လူစုလူဝေးဖြင့် ပိတ်ဆို့တားဆီးခြင်းများပြုလုပ်နေခဲ့သဖြင့် စိန်ခေါ်မှုများပြားကြောင်း ဘန်က ပြောသည်။
Source: Al Jazeera




















10:37 AM
HRDP NEWS WORLD
Posted in:
0 comments:
Post a Comment