Wednesday, May 23, 2012
ပါကစ္စတန် ကရာချိမြို့ အကြမ်းဖက်မှု
ပါကစ္စတန်နိုင်ငံ ကရာချိမြို့တွင် နိုင်ငံရေးချီတက်ဆန္ဒပြပွဲတစ်ခုကို သေနတ်သမားများက ပစ်ခတ်တိုက် ခိုက်ခဲ့သဖြင့် ကိုးဦးသေဆုံးပြီး နောက်ပိုင်း အဓိကရုဏ်းဖြစ်ပွားခဲ့လေသည်။ အင်္ဂါနေ့က ဖြစ်ပွားခဲ့သော ယင်းပစ်ခတ် မှုကြောင့် ကိုးဦးသေဆုံးသည့်အပြင် ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ကရာချိရဲချုပ် အက္ခတာဂိုချာနီက ပြောသည်။
မြို့ခံပါတီတစ်ခုဖြစ်သော အေဝါမီပါတီနှင့် အခြားပါတီများမှ ပါတီဝင်များ ပါဝင်ချီတက်ကြသော ယင်းဆန္ဒပြပွဲကို သေနတ်သမားများက ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး မည်သူမည်ဝါများဖြစ်သည်ဟု မသိရှိရသေးကြောင်း အခြားရဲအရာရှိတစ်ဦးဖြစ်သူ မိုဟာမက်အေမီယာက ပြောသည်။
ယင်းအဖြစ်အပျက်ဖြစ်ပွားပြီးနောက် ဆန္ဒပြသူများက ကားပေါင်း ၂ ဒါဇင်ကျော်၊ မော်တော်ဆိုင်ကယ်များ၊ ဆိုင်ခန်းများကို မီးရှို့ခဲ့ကြသည်။
ဆန္ဒပြပွဲမှာ မူဟာဂျီရာ ပြည်နယ်တည်ထောင်ခြင်းနှင့် မကြာမီက လယာရီဒေသ ဆန္ဒပြမှုတွင် ရဲများ၏ ဖြိုခွင်းနှိမ်နင်းမှုများကို မကျေနပ်၍ ဆန္ဒပြကြခြင်းဖြစ်သည်။ မူဟာဂျီရာများသည် အူရဒူစကားပြောသူများ ဖြစ်ပြီး ၁၉၄၇ ခုနှစ် အိန္ဒိယမှခွဲထွက်စဉ်ကအိန္ဒိယဘက်မှ ရွှေ့ပြောင်းဝင်ရောက်လာသူများဖြစ်သည်။ ၎င်းတို့သည် ပါကစ္စတန်တွင် အများစုဖြစ်ကြပြီး MQM ပါတီနှင့်အတူ ကရာချိမြို့၏ နိုင်ငံရေးတွင်လည်း ကြီးစိုးထားကြသည်။
တောရွာကျေးလက်များတွင် အများဆုံးနေထိုင်ကြသော ဆင်းဒစ်လူမျိုးများက ၎င်းတို့၏ တောင်ပိုင်းပြည် နယ်အား နှစ်ခြမ်းခွဲရန် ကြိုးပမ်းလျှင် အကြမ်းဖက်မှုများနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း သတိပေး ပြောကြားခဲ့သည်။
ကရာချိသည် ပြိုင်ဘက်နိုင်ငံရေးအဖွဲ့အစည်းများကြားအားပြိုင်မှုများ၊ တိုင်းရင်းသားအုပ်စုများ၊ ဒုစရိုက်အဖွဲ့ များ၊ တာလီဘန်များ စသည်တို့၏ အကြမ်းဖက်မှုဒဏ်များကို နှစ်ရှည်လများ ခံစားလာခဲ့ရသည်ဖြစ်၏။
ယခုနှစ်ဦးပိုင်း လေးလအတွင်းမှာပင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများကြောင့် အနည်းဆုံး လူ ၅၀၀ ခန့်သေဆုံးခဲ့ပြီး ဖြစ်ကြောင်း ပါကစ္စတန်လူ့အခွင့်အရေးကော်မစ်ရှင်က ဆိုသည်။ လွန်ခဲ့သောနှစ်က အကြမ်းဖက်မှုကြောင့် လူပေါင်း ၁ ၇၁၅ ဦးသေဆုံးခဲ့ရသည်။
Source: Al Jazeera




















9:31 PM
HRDP NEWS WORLD

Posted in:
0 comments:
Post a Comment