Saturday, June 2, 2012
မူဘာရက်အား စီရင်ချက်ချတော့မည်
လွန်ခဲ့သောနှစ်က ဆန္ဒပြမှုများအတွင်း သတ်ဖြတ်မှုများကြောင့်အီဂျစ်သမ္မဟောင်း မူဘာရက်ကို တရားစွဲ ဆိုထားပြီး စနေနေ့တွင် တရားရုံး၌ ဆုံးဖြတ်မည်ဖြစ်သည်။
မူဘာရက်သည်၂၀၁၀ နှောင်းပိုင်းတွင် တူနီးရှားမှ စတင်ခဲ့သော အာရပ်လှိုင်းအုံကြွမှုတွင် ပထမဦးဆုံး တရားစွဲဆိုခံရသော သမ္မတဖြစ်သည်။ အီဂျစ်တွင် လူထုအုံကြွမှု ၁၈ ရက်ကြာမြင့်ခဲ့ပြီး ၂၀၁၁ ဖေဖေါ်ဝါရီ ၁၁ ရက်နေ့တွင် မူဘာရက်ပြုတ်ကျသွားခဲ့ပြီး ဆန္ဒပြသူ ၉၀၀ ခန့်သေဆုံးခဲ့သည်။
မူဘာရက်နှင့်အတူ ၎င်း၏ပြည်ထဲရေးဝန်ကြီး ဟာဘစ်အယ်အက်ဒလီ၊ အခြားလုံခြုံရေးထိပ်တန်းအရာရှိ ခြောက်ဦးတို့လည်း တရားရင်ဆိုင်နေရသည်။
မူဘာရက်၏ သားနှစ်ဦးဖြစ်သူ အလာနှင့် ဂမ်မဲလ်တို့လည်း အကျင့်ပျက်ခြစားမှုများဖြင့် တရားစွဲဆိုထားခြင်း ခံနေရသည်။ ပြစ်မှုထင်ရှားပါက တစ်ဦးလျင် ထောင်ဒဏ်သုံးနှစ်စီကျခံရမည်ဖြစ် ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့များပြောသည်။
မူဘာရက်အဖို့မူ ပြစ်မှုထင်ရှားပါက သေဒဏ်ကျခံရမည်ဖြစ်သည်။ အကျင့်ပျက်ခြစားမှုများအတွက်လည်း သီးခြားပြစ်မှုအဖြစ် သားနှစ်ဦးနှင့်အတူ ရင်ဆိုင်နေရပြီး ၎င်းတို့မိသားစုနှင့် ရင်းနှီးသော မိတ်ဆွေတစ်ဦးကို လည်း ရုံးတော်က အလိုရှိနေပြီး ထွက်ပြေးလျက်ရှိသည။်
၎င်းတို့အား ကိုင်ရိုမြို့စွန်ရှိ တစ်ချိန်က မူဘာရက် ရဲအကယ်ဒမီသိပ္ပံကျောင်း အဆောက်အဦးအတွင်း ရုံးထိုင်ကာ စစ်ဆေးနေခြင်းဖြစ်သည်။
မူဘာရက်အားရုံးထုတ်ချိန်တွင် ရဲသား ၅ ၀၀၀ နှင့် စစ်သား ၂ ၀၀၀ တို့က စောင့်ကြပ်နေကြမည်ဖြစ်ပြီး ၎င်းအားထိန်းသိမ်းထားရာ စစ်ဆေးရုံမှ တရားရုံးသို့ ရဟတ်ယာဉ်ဖြင့် ခေါ်ဆောင်လာရမည်ဖြစ်သည်။
စနေနေ့ မူဘာရက်တရားခွင်နှင့် စီရင်ချက်များကို ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ် ကြောင်း အီဂျစ်ရုပ်မြင်သံကြားက ကြေငြာခဲ့သည်။
Source: Al Jazeera




















11:38 AM
HRDP NEWS WORLD

Posted in:
0 comments:
Post a Comment