
ပါကစ္စတန်နိုင်ငံ၏ လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အစည်းများ၊ အထူးသဖြင့် အယ်ကေဒါ နှင့် အချိတ်အဆက်ပြုလှုပ်ရှားနေသည်ဟု သံသယရှိသော ဟက်ခါနီအကြမ်းဖက်အုပ်စုအား နှိမ်နင်းရေး အတွက် ပိုမိုအားထုတ်လုပ်ဆောင်ရန် အမေရိကန်ကာကွယ်ရေးဝန်ကြီး လီယွန်ပန်နက်တာက ဖိအားပေး ပြောကြားလိုက်သည်။
အင်္ဂါနေ့က အာဖဂန်ကာကွယ်ရေးဝန်ကြီး အဘ္ဘဒူလ်ရာဟင်မ်ဝါဒက်နှင့် ကဘူးလ်မြို့ညီလာခံတွင် တွေ့ဆုံစဉ် ပန်နက်တာက ပါကစ္စတန်ကို သတိပေးပြောကြားလိုက်ခြင်းဖြစ်သည်။
`ကျွန်တော်တို့ အမေရိကန်ပြည်ထောင်စုက ပါကစ္စတန်အပေါ် သီးညည်းခံနိုင်စွမ်း ကုန်ဆုံးလာပါ ပြီ။ ပါကစ္စတန်က အကြမ်းဖက်သမားတွေကို နိုင်ငံတွင်းမှာ ခြေကုပ်ယူခွင့်ပေးထားပြီး ကျွန်တော်တို့ တပ်တွေကို တိုက်ခိုက်ဖို့ အခွင့်အရေးတွေပေးထားတဲ့ ကိစ္စတွေကို တားဆီးပေးဖို့ အထူးအရေးကြီးတယ် လို့ ကျွန်တော်ပြောလိုပါတယ်။` ဟု ပန်နက်တာက အလေးအနက်ထား သတိပေးခဲ့လေသည်။
ပန်နက်တာသည် အာဖဂန်မှ အမေရိကန်စစ်တပ်များ တဖြည်းဖြည်းချင်းလျှော့ချသွားရေးအတွက် အသေး စိတ်ဆွေးနွေးညှိနှိုင်းရန် မြို့တော်ကဘူးလ်သို့ ရောက်ရှိနေခြင်းဖြစ်သည်။ ရာထူးမှ အနားယူသွားသော အာဖဂန်ဆိုင်ရာ အမေရိကန်သံအမတ် ရန်းခရွတ်ကာနှင့်လည်း ကဘူးလ်မြို့တွင် တွေ့ဆုံရန် အစီအစဉ်ရှိ သည်။
ဟက်ခါနီအကြမ်းဖက်အုပ်စုသည် အာဖဂန်တွင် အမေရိကန်များအား တိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး လွန်ခဲ့သော ဆောင်းဦးပေါက်ကာလအတွင်းက ကဘူးလ်ရှိ အမေရိကန်သံရုံးနှင့် နေတိုးဌာနချုပ်တို့အား နောက်ဆုံးအကြိမ်တိုက်ခိုက်ခဲ့လေသည်။ ဟက်ခါနီအုပ်စုသည်အာဖဂန်ရှိ တာလီဘန်တို့နှင့်လည်း အချိတ် အဆက်ရှိသည်။
`ပါကစ္စတန်လို လုံခြုံတဲ့နေရာတစ်ခုရှိနေပြီးတော့ ဟက်ခါနီလို အကြမ်းဖက်အုပ်စုတွေက ကျွန်တော်တို့ကို တိုက်ခိုက်နိုင်ဖို့အတွက် အဲဒီနိုင်ငံမှာ ခြေကုပ်ယူထားနိုင်ကြတယ်။` ဟု ပန်နက်တာက ဆိုသည်။
Source: Al Jazeera
Posted in: အရှေ့ အလယ်ပိုင်း
Email This
BlogThis!
Share to Facebook
0 comments:
Post a Comment