အီရတ်နိုင်ငံတွင် တာဝန်ထမ်းဆောင်ရင်း အမေရိကန်စစ်သည် ဂျွန်နသန်ဘတ်လက်၏ ခြေထောက်နှစ်ဖက် ဆုံးရှုံးခဲ့ရသည်။ ထို့နောက် သူ့ကိုယ်သူ ပြန်လည်ထူထောင်နိုင်ခဲ့ပြီး စီးပွားစီမံခန့်ခွဲ ဘာသာရပ်ဖြင့် ဘွဲ့တစ် ခုရအောင်ယူနိုင်ခဲ့ကာ အလုပ်အကိုင်ရရှိခဲ့လေသည်။
သို့သော် လွန်ခဲ့သောနှစ်လက ရေချိုးခန်းအတွင်း ကိုယ့်ကိုယ်ကိုယ် သေနတ်ဖြင့်ပစ်သတ်ကာ အဆုံးစီရင် သွားခဲ့လေသည်။ မိသားစုနှင့် မိတ်ဆွေသူငယ်ချင်းများကိုမူ သူ့ကိုမေ့ပျောက်ပစ်လိုက်စေချင်ကြောင်း အသိပေးခဲ့သည်။
အစောပိုင်းကမူ ဒုက္ခိတဘဝရောက်သွားရသော်လည်း သူ့ကိုယ်သူ ပျော်ရွှင်စွာဖြင့်ပင်ဘဝကို ဖြတ်သန်း နေသူတစ်ဦးဖြစ်ကြောင်း ရွှင်ရွှင်ပျပျပင်ပြောဆိုနေခဲ့သေးသည်။ ဆယ်ကျော်သက်ဘဝက ၉/၁၁ ဖြစ်စဉ်ကို မြင်တွေ့ခဲ့ရပြီး မိမိနိုင်ငံကို စော်ကားလာသူများအား ပြန်လည်အပြစ်ပေးရမည်ဟု ယူဆခဲ့ကြောင်း ပြောသည်။
စစ်ယူနီဖေါင်းကို ဝတ်ဆင်ခြင်းမပြုတော့သည့်သူ့ကို စစ်ပွဲကြောင့် ဒုက္ခိတဖြစ်ရသည့်သူတစ်ယောက်ဟု အများက မသိကြတော့ပေ။ ထို့နောက်တွင် သူ့ကိုယ်သူ အဆုံးစီရင်သွားခဲ့တော့ပြီး တာဝန်ထမ်းဆောင် ဆဲ မိမိကိုယ်ကိုယ်အဆုံးစီရင်သွားသည့် အမေရိကန်စစ်သား ၁၅၄ ဦးမြောက်စာရင်းသို့ဝင်သွားတောသည်။ ဤအရေအတွက်သည် နှစ်တစ်နှစ်၏ ပထမဦးဆုံး ၁၅၅ ရက်အတွင်း ကိုယ့်ကိုယ်ကိုယ်သတ်သေသည့် အမေရိကန်စစ်သားအရေအတွက်ပင်ဖြစ်တော့သည်။
Source: Al Jazeera
Posted in: အမေရိက
Email This
BlogThis!
Share to Facebook
0 comments:
Post a Comment