ကိုလံဘီယာနိုင်ငံသည် ကမ္ဘာပေါ်တွင် ကိုကင်းထုတ်လုပ်မှု ထိပ်တန်းနိုင်ငံတစ်နိုင်ငံဖြစ်ခဲ့ဖူးသည်။ သို့သော် အစိုးရ၏ တင်းတင်းကြပ်ကြပ်ကိုင်တွယ်နှိမ်နင်းမှုကြောင့် ယခုအခါ ကိုကင်းထုတ်လုပ်ဖြန့်ချိသော ရာဇဝတ် ဂိုဏ်းများသည် ၎င်းတို့ပုံမှန်ထုတ်လုပ်မှုထက် တစ်ဝက်မျှသာ ထုတ်လုပ်နိုင်တော့လေသည်။
မူးယစ်ဆေးဝါးဆန့်ကျင်နှိမ်နင်းရေး ပြုလုပ်ခဲ့ပြီး မူးယစ်ဂိုဏ်းများလျော့နည်းသွားခြင်းသည် အခြားရာဇဝတ် မှုများ အပါအဝင် လူသတ်မှုများလည်း တစ်ပါတည်းလျော့ကျသွားစေခဲ့သည်။
သို့သော် တစ်ချိန်က ကိုလံဘီယာမူးယစ်ဂိုဏ်းများ အများဆုံးအခြေစိုက်ရာ ကာလီမြို့တွင် အပြိုင်အဆိုင် ဂိုဏ်းများအချင်းချင်း အပြန်အလှန်သတ်ဖြတ်မှုများပြန်လည်ဖြစ်ပွားလျက်ရှိပြီး နိုင်ငံတွင်း အန္တရာယ်အကြီးများဆုံး မြို့တစ်မြို့ဖြစ်နေကြောင်း လူပြောများလျက်ရှိသည်။
သတင်းထောက် ထရီဆာဘို က ကာလီမြို့မှ သတင်းပေးပို့ထားသည်။
Source: Al Jazeera
Posted in: အမေရိက
Email This
BlogThis!
Share to Facebook
0 comments:
Post a Comment