Saturday, June 30, 2012
ကင်ညာတွင် အကူအညီပေးရေးလုပ်သားများ ပြန်ပေးဆွဲခံရ
ဆိုမာလီနှင့် နယ်စပ်အနီးကင်ညာနိုင်ငံ ဒါးဒက်ဘ်ဒုက္ခသည်စခန်းအတွက် အလုပ်လုပ်နေသော အကူအညီပေးရေး အဖွဲ့၏ ယာဉ်တန်းကို ဆိုမာလီလက်နက်ကိုင်များက ခြုံခိုတိုက်ခိုက်ခဲ့သည်။ကင်ညာလူမျိုး ယာဉ်းမောင်း တစ်ဦးသေဆုံးပြီး နိုင်ငံတကာအကူအညီပေးရေးလုပ်သား လေးဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ သောကြာနေ့က ဖမ်းဆီးခေါ်သွားခြင်းခံခဲ့ရသော အကူအညီပေးရေးလုပ်သားများမှာ နော်ဝေဒုက္ခသည်ကောင်စီ NRC မှ လုပ်သားများဖြစ်သည်။ ထိုသူများမှာ နော်ဝေ၊ ကနေဒါ၊ ပါကစ္စတန်နှင့် ဖိလစ်ပိုင်လူမျိုးများဖြစ်ကြောင်း အယ်ဂျာဇီယာသတင်းထောက် နာဇနိုင်းမော်ရှီရီက ပြောကြားခဲ့သည်။
`ဖမ်းဆီးခြင်းခံခဲ့ရတဲ့ သူတွေက အဖွဲ့ရဲ့ အဆင့်မြင့်ကိုယ်စားလှယ်ဖြစ်ပြီးတော့ ဒုက္ခသည်စခန်းကို အပြင်ဘက်ကနေ ပတ်ပြီး စစ်ဆေးကြည့်ရှုနေစဉ်မှာ တိုက်ခိုက်ခြင်းခံခဲ့ရတာပါ။ တိုက်ခိုက်တဲ့အဖွဲ့မှာ လက်နက်ကိုင် ဆိုမာလီ ၁၂ ယောက်လောက်ပါဝင်ပြီးတော့ ကားတစ်စီးနဲ့ ဖမ်းဆီးထားသူတွေကို မိုင်ရှစ်ဆယ် အကွာလောက်မှာရှိတဲ့ ဆိုမာလီနယ်စပ်ဘက်ကို မောင်းနှင်သွားပါတယ်။` ဟု သတင်းထောက်က သတင်းပေးပို့ခဲ့ သည်။
`နောက်တော့လမ်းမှာ ကားကိုထားခဲ့ပြီး နောက်ထပ်ဘယ်လိုဆက်သွားတယ်၊ ဘယ်နေရာကိုသွားကြတယ် ဆိုတာ မသိရသေးပါဘူး။` ဟု ဆိုသည်။
ယာဉ်တန်းတိုက်ခိုက်ခံရစဉ် ယာဉ်တန်းအတွင်းလိုက်ပါသွားသူ NRC အထွေထွေအတွင်းရေးမှူး အဲလိစဘက်ရပ်စ်မူဆန်က `ကျွန်မတို့ စခန်းကနေထွက်ပြီးတော့ ဒါးဒက်ကိုသွားမယ့် လမ်းမဆီကို သွားနေတုန်း တိုက်ခိုက်ခံခဲ့ရတာပါ။ ဒါကြောင့် ကျွန်မတို့အတိုက်ခိုက်ခံရတဲ့ စခန်းပတ်ဝန်းကျင် လုံခြုံမှုရှိတဲ့နေရာမှာ တိုက်ခိုက်ခံရတယ်လို့ ပြောနိုင်ပါတယ်။` ဟုဆိုသည်။
`ကျွန်မမြင်ရသလောက် ပစ္စတိုတွေကိုင်ဆောင်ထားတဲ့ လူလေးယောက်ပါတယ်။ သူတို့က ကားတန်းကို ပစ်ခတ်ပြီး ကားတစ်စင်းကိုယူသွားတယ်။ ကျွန်မတို့လုပ်ဖေါ်ကိုင်ဖက် လေးဦးပါသွားတယ်။`
ဒါးဒက်ဘ်တွင် ဆိုမာလီဒုက္ခသည် ၅၀၀ ၀၀၀ ခန့်နေထိုင်လျှက်ရှိသည်။
တိုက်ခိုက်သူများကို စစ်တပ်မှ လိုက်လံရှာဖွေလျှက်ရှိကြောင်းသိရသည်။
အောက်တိုဘာလအတွင်းက ဆိုမာလီသို့ ကင်ညာမှ စစ်တပ်များစေလွှတ်ထားသည်။ ထို့ကြောင့် တိုက်ခိုက်ရေး သမားများ ဆိုမာလီဘက်သို့ ကူးသွားခဲ့လျှင်လည်း ကင်ညာစစ်တပ်များနှင့် တွေ့ဆုံတိုက်ခိုက်ခံရမည်ဖြစ်သည်။
Source: Al Jazeera




















11:18 AM
HRDP NEWS WORLD

Posted in:
0 comments:
Post a Comment