မြန်မာအစိုးရနှင့် တိုင်းရင်းသား ကချင်လွတ်မြောက်ရေးတပ်မတော် KIA တို့ကြား ၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲရေး လွန်ခဲ့သောနှစ်က အဆုံးသတ်သွားပြီးခဲ့ပြီး တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလာခဲ့လေသည်။
အစိုးရစစ်တပ်များက ထိုးစစ်များဆက်တိုက်ဆင်ပြီး KIA ခြေကုပ်မြို့များကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းလာမှု ကြောင့် သူပုန်တပ်များ ကြိုးစားခုခံနေရပုံများကို လွန်ခဲ့သောလက အယ်ဂျာဇီယာမှ သွားရောက်မှတ်တမ်း သတင်းယူခဲ့သည်။
လက်ရှိအချိန်တွင် မြန်မာပြည်တွင်းနယ်စပ်များနှင့် တရုတ်နယ်စပ်များရှိ ဒုက္ခသည်စခန်းများတွင် ဒုက္ခသည် ၆၀ ၀၀၀ ခန့်ခိုလှုံနေကြရသည်။ မိုးရာသီကျရောက်လာပြီဖြစ်သောကြောင်း အကူအညီစားနပ်ရိက္ခာ၊ ဆေးဝါးများ ရောက်ရှိရေးအတွက် ခက်ခဲလျှက်ရှိသည်။
အယ်ဂျာဇီယာသတင်းထောက် ဝိန်းဟေးက ဘန်ကောက်မှ သတင်းပေးပို့ခဲ့သည်။
Source: Al Jazeera
Posted in: အာရှပစိဖိတ်
Email This
BlogThis!
Share to Facebook
0 comments:
Post a Comment