၁၉၉၁ ခုနှစ်အတွင်းက လော့စ်အိန်ဂျယ်လိစ်ရဲများ၏ ရိုက်နှက်နှိပ်စက်မှုကို ခံခဲ့ရပြီး၊ ယင်းပြဿနာကြောင့် အမေရိကန်သမိုင်းတွင် အလွန်ကြီးမားသည့် အဓိကရုဏ်းကြီးတစ်ခုပေါ်ပေါက်ခဲ့မှု၏ အကြောင်းရင်း ပုဂ္ဂိုလ် ဖြစ်သောလူမည်းအမျိုးသား ရော့ဒ်နီကင်း ကွယ်လွန်ခဲ့ပြီဖြစ်ပြီး အသက် ၄၉ နှစ်ဖြစ်သည်။ ၂၀၁၂ ခုနှစ်တွင် သူ့အဖြစ်အပျက်ကို The Riot Within: My Journey from Rebellion to Redemption.ဟူသော အမည်ဖြင့် စာအုပ်ထုတ်ဝေခဲ့သည်။
သူ့အလောင်းကို ရည်းစားဖြစ်သူက ရေကူးကန်အတွင်းတွေ့ရှိခဲ့ခြင်းဖြစ်ကာ လုပ်ကြံခံရသည့် အရိပ်အယောင်မတွေ့ရကြောင်း BBC သတင်းက ကြေငြာခဲ့သည်။
၁၉၉၁ ခုနှစ်အတွင်းက သူ့ကိုရိုက်နှက်နှိပ်စက်ခဲ့သော ရဲများကို တရားရုံးက အပြစ်မရှိကြောင်း စီရင်ပြီး ပြန်လည်လွှတ်ပေးခဲ့သည့်အတွက် ၁၉၉၂ တွင်အဓိကရုဏ်းဖြစ်ပွားခဲ့ပြီး သုံးရက်ကြာမြင့်ကာ ၅၅ ဦးသေဆုံးပြီး ၂၀၀၀ ကျော်ဒဏ်ရာရရှိခဲ့သည်။ လော့စ်အိန်ဂျယ်လိစ်မြို့ အချို့နေရာများကို မီးရှို့ခံခဲ့ရသည်။
ထိုစဉ်က အဓိကရုဏ်းကြီး အထွဋ်အထိပ်သို့ရောက်နေချိန်တွင် ရော့ဒနီကင်းက ရုပ်မြင်သံကြားမှနေ၍ ဖြန်ဖြေစကားပြောကြားပေးခဲ့သည်။
၁၉၉၁ ခုနှစ် မတ်လ ၃ ရက်နေ့ညက သူကားမောင်းနှင်သွားစဉ် သတ်မှတ်အရှိန်ထက်ကျော်လွန်မောင်းနှင် မောင်းနှင်မှုကြောင့် လော့စ်အိန်ဂျယ်လိစ်ရဲများက သူ့ကားကို ဟန့်တားပြီး ကားပေါ်မှ ဆွဲချကာ ရဲလေးဦး က အချက်ပေါင်း ၅၀ ကျော်ခန့် ဝိုင်းဝန်းရိုက်နှက်ခဲ့သည်။ ခြေထောက်များဖြင့် ကန်ကြောက်ပြီး အသံဗုံးခွဲသည့် သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်။
ထိုအချိန်တွင် အနီးအနားအိမ်မှ လူတစ်ယောက်က အဖြစ်အပျက်ကို ထွက်ကြည့်ရင်း ဗွီဒီယိုရိုက်ယူခဲ့ပြီး နောက် ယင်းတိပ်ခွေကို ကူးကာ ရုပ်မြင်သံကြားဌာနတစ်ခုသို့ပေးပို့ခဲ့သည်။ ယင်းအဖြစ်အပျက်မှတ်တမ်း ဗွီဒီယိုကို ရုပ်မြင်သံကြားဌာနက ထပ်ခါတလဲလဲပြသခဲ့ပြီးနောက် အမေရိကန်နိုင်ငံအတွင်း လူမျိုးရေးတင်း မာမှုဖြစ်ပွားလာခဲ့သည်။
ဗွီဒီယိုတိပ်ခွေမှတ်တမ်းအရ ရိုက်နှက်မှုကျူးလွန်ခဲ့သော ရဲသားများမှာ အပြစ်ထင်ရှားလေသည်။ ထို့နောက် ယင်းအမှုကို ကြိုတင်စီစဉ်ထားသည့်အတိုင်း လူဖြူများနေထိုင်သော ကယ်လီဖိုးနီးယားပြည်နယ် ဆီမီဗယ်လီ တွင်ရုံးတင်ခဲ့လေသည်။
၁၉၉၂ ဧပြီလ ၂၉ ရက်နေ့တွင် လူဖြူများသာပါဝင်သော ဂျူရီလူကြီးများက ရဲသားလေးဦးအနက် သုံးဦးကို တရားသေလွှတ်ပေးခဲ့သည်။
ထိုအခါ လော့စ်အိန်ဂျယ်လိစ် တောင်ပိုင်းမှစတင်၍ အကြမ်းဖက်မှုများ ရုတ်တရက်ဖြစ်ပွားလေတော့သည်။
လော့စ်အိန်ဂျယ်လိစ်ရဲများလည်း ရုတ်တရက်အငိုက်မိကာ အဓိကရုဏ်းကို လူအုပ်ကို ထိန်းမနိုင်ဘဲ ထွက်ပြေးခဲ့ရလေသည်။ ထို့နောက် ကိုရီးယားတောင်း နယ်မြေအတွင်းသို့ ပြန့်နှံ့ကူးစက်လာကာ ဆိုင်ပိုင်ရှင်များနှင့် လုယက်ရမ်းကားသူများကြား ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြန်သည်။
ယင်းသို့ အဓိကရုဏ်းကာလအတွင်း လူဖြူတက္ကဆီယာဉ်မောင်း ရက်ဂျီနယ်ဒန်နီကို လူမည်းများက ကားပေါ်မှ ဆွဲချပြီး ဝိုင်းဝန်းရိုက်နှက်ကြသဖြင့် သေလုမြောပါးခံစားခဲ့ရလေသည်။
ဆေးရုံတွင် ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး ကြေသွားသော ဦးခေါင်းခွံကိုပြန်လည်ချုပ်ရခြင်း၊ မေးရိုးများပြန်လည် တည့်မတ်ပေးရခြင်း၊ မျက်လုံးတစ်လုံးကို မျက်စေ့အိမ်အတွင်းပြန်လည်ထည့်သွင်းပေးရခြင်းများပြုလုပ်ခဲ့ရ သည်။
Source: Al Jazeera
Posted in: အမေရိက
Email This
BlogThis!
Share to Facebook
0 comments:
Post a Comment